Main menu

Background

တရုတ်သို့ ရော်ဘာတန် ၁၀၀၀ ကျော်တင်ပို့

Tue, 10/12/2010 - 08:42 -- Anonymous (not verified)

တရုတ်သို့ ရော်ဘာတန် ၁၀၀၀ ကျော်တင်ပို့     မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်းများမှတစ်ဆင့် မြန်မာရော်ဘာအဆင့်စုံ တန်ချိန် ၁ဝ၅၄တန်ကျော်ကို စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၅ ရက်ထိကာလအတွင်း တရုတ်နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့သိရပါတယ်။      မူဆယ် နယ်စပ်က RSS (၁) ၃၈ တန်ကျော်၊ RSS(၃) ၃၇၄ တန်နီးပါး၊ RSS(၅) ၃၁ တန်၊ MSR  (၂ဝ) ၁၂၆ တန်နဲ့ MSR  (၅ဝ) ၁၂၅ တန်ကျော်၊ ကန်ဒေါ်လာ ၂ ဒသမ ဝ၉၄ သန်းဖိုးနဲ့ ချင်းရွှေဟော်နယ်စပ်ကRSS (၃) တန် ၂၅ဝ နဲ့ RSS (၅) တန် ၁၁ဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ သန်းကျော်ဖိုးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ဘဏ္ဍာနှစ်စမှ လအလိုက် နယ်စပ်စခန်းများကနေ ရော်ဘာတင်ပို့နိုင်မှုတွေကတော့ ဧပြီလမှာ ၂၆၁၆ တန်၊ ဇွန်လမှာ ၂၈၉၉ တန်နီးပါး၊ ဇူလိုင်လမှာ ၃၆၂၅ တန်ကျော်၊ သြဂုတ်လမှာ ၂၈၃၅ တန်ခန့်နဲ့ စက်တင်ဘာလမှာ ၄၆၅၅ တန်ခန့် အသီးသီး တင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့မြန်မာ-တရုတ်နယ်စပ်က ရော်ဘာပေါက်ဈေးတွေကတော့ RSS(၃) တစ်တန်ကို ၂၉၆၈၄၇၄ ကျပ်နဲ့ RSS  (၅) တစ်တန်ကို ၂၈၄၇ဝ၁၄ ကျပ်အသီးသီး ဈေးပေါက်နေပြီး ၂၈-၉-၂ဝ၁ဝ နေ့က ဈေးနဲ့ နှိုင်းယှဉ်လျှင် RSS (၃) တစ်တန်ကို ၁၃၃၆၇၄ ကျပ်နဲ့ RSS (၅) တစ်တန်ကို ၂၂၅ဝ၁၄ ကျပ်ပိုခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ မှာလည်း ရော်ဘာဈေးနှုန်းဟာ တည်ငြိမ်နေရာမှ ယခုအပတ်မှာ RSS  (၃) တစ်တန်ကို ၂၅၃ ဒေါ်လာနဲ့ RSS (၅) တစ်တန်ကို ၂၉၈ ဒေါ်လာခန့် ဈေးပိုလာတာတွေ့ရပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ် ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                            မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ယွမ်/တန်)                ယခု       ယခင်           ပြောင်းလဲမှု     %      ယခု       ယခင်      ပြောင်းလဲမှု       %ှRSS(၃) ၂၉၆၈၄၇၄    ၂၈၃၄၈ဝဝ        ၁၃၃၆၇၄     ၄      ၂၃၃၇      ၂၉၈၄          ၂၅၃           ၈RSS(၅) ၂၈၄၇ဝ၁၄     ၂၆၂၂ဝဝ၁        ၂၂၅ဝ၁၄     ၈       ၃ဝ၅၈     ၂၇၆ဝ          ၂၉၈           ၁ဝMIRT (DOBT)