Main menu

Background

မြိတ်ကျွန်းစုတွင် ရေထွက်ကုန် (၈) မျိုး မွေးမြူလာ

Tue, 10/12/2010 - 09:28 -- Anonymous (not verified)

 မြိတ်ကျွန်းစုတွင် ရေထွက်ကုန် (၈) မျိုး မွေးမြူလာ      မြန်မာနိုင်ငံတောင်ဘက်အစွန်းပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုဒေသများတွင် ရေထွက်ကုန် (၈)မျိုးကို မွေးမြူ လုပ်ကိုင်လာကြောင်း ဒေသခံရေလုပ်ငန်းကုမ္ပဏီများထဲက ကြားသိရသည်။       '' ကျောက်ငါးကို လှောင်အိမ် ၆၄၃ လုံးနဲ့ မွေးမြူထားပါတယ်။ အလားတူ လှောင်အိမ်မွေး စနစ်နဲ့ ကကတစ် တွေကိုလည်း ၁၂၅ လုံး မွေးထားပါတယ်။ ရေငန်ပုစွန်များကို ဧက ၇၈ဝ ခန့်၊ ကျောက်ပုစွန်ကို ၁ဝ ဧက၊ ကင်းပုစွန်ကို ၄ ဧက၊ ကဏန်းပျော့ကို ၁၂၃၇ ဧက၊ ဂျင်းခရုကို ဧက ၂ဝ၊ ပင်လယ်ရေမှော်ကို ၁၃ ဧကခန့်မွေးမြူ လုပ်ကိုင်နေပါတယ်'' ဟု မြိတ်ဒေသ အခြေစိုက် ရေလုပ်ငန်းကုမ္ပဏီ ကြီးတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။           တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံများနှင့် ရေလုပ်ငန်းရှင်များသည် ငါး၊ပုစွန်များကို ပင်လယ် ပြင်မှ အစဉ် အဆက် အလွယ်တကူဖမ်းဆီးရရှိခဲ့သည့် အနေအထားများကြောင့် မွေးမြူရေးလုပ်ငန်းများကို စိတ် ဝင်စားမှု အားနည်းခြင်း၊ နည်းပညာ ရပ်များကို မသိရှိခြင်းတို့ကြောင့် သက်ဆိုင်ရာ၏ဦးဆောင်မှုနှင့် ပံ့ပိုးပေးမှုများ လိုအပ်နေသေးကြောင်း အဆိုပါ ပုဂ္ဂိုလ်က ထပ်မံသုံးသပ် ပြောကြားသည်။                                                                                                                   ခင်မျိုးသွယ်