ကင်းမွန်များဝယ်ယူရန် ပြည်ပဝယ်လက်ကိုယ်စားလှယ်အဝယ်ဒိုင်များရောက်ရှိ တနင်္သာရီတိုင်းဒေသကြီး မြိတ် ဒေသထွက် ကင်းမွန်များဝယ်ယူရန် ပြည်ပဝယ်လက်ကိုယ်စားလှယ် အဝယ် ဒိုင်များမြိတ်မြို့ သို့ရောက်ရှိလာကြောင်း ဒေသခံ ရေလုပ်ငန်းရှင်များထံမ ကြားသိရသည်။ '' မြိတ်ဘက်မှာကင်းမွန်တွေက အောက်တိုဘာလဆိုရင် ပေါ်ပြီ။ ဖမ်း ဆီးနိုင်တဲ့ ရာသီချိန်က အောက်တိုဘာလကနေ မတ်လအထိဆိုတော့ ၅ လလောက်ကြာပါတယ်။ ပြည်ပ ဝယ် လက် ကိုယ်စားလှယ်အဝယ် ဒိုင်တွေက ရာသီချိန် ရောက်ရင် မြိတ်ဒေသရဲ့ ပင်လယ်ကမ်းခြေအထိဆင်းပြီး မြေငှား တဲထိုးပြီး ကင်းမွန်တွေဝယ်စုကြတယ်။ ရတဲ့ကင်းမွန်တွေကို ပြုတ်ခြောက် ပြုလုပ်ပြီး တရုတ်ကိုပြန်ပို့ ကြတယ်။ သူတို့ဝယ်တဲ့ အရွယ်တွေ ကဆိုဒ်သေး တွေပါ။ ဝယ်တဲ့စနစ်က မနှစ်ကဆိုရင်ဗန်းတစ်ဗန်းကို ကျပ်တစ်သောင်းခွဲ ကနေ နှစ်သောင်း အထိရှိပါတယ်။ ဗန်း တစ်ဗန်းမှာ အချိန်တစ် ဆယ်လောက်ပါ တတ်တယ်။ ကင်းမွန် အရွယ်က ဆိုဒ်စုံ တယ်။ သောင်းပြောင်းယူစနစ်နဲ့ ဝယ် တာ တွေ့ရတယ်။ ဈေးနှုန်းကျတော့ အရွယ်ကြီးရင် ဈေးနည်း နည်းပိုပေးပြီး အရွယ်သေးရင်ဈေး နည်း နည်းလျော့ ပေးတယ်။ မနှစ်က ပြည်ပ ဝယ်လက် ကိုယ်စားလှယ်အဝယ်ဒိုင် ၇ ခုဆင်းပြီး လာဝယ်တယ်။ ဒီနှစ်လည်း ပြည်ပ ဝယ်လက် ကိုယ်စားလှယ်အဝယ်ဒိုင် ၉ ခုလောက်လာမယ်ကြားတယ်။စက်တင် ဘာလ ၃ဝ ရက်နေ့မှာဘဲ အဝယ်ဒိုင် ၃ ခုလောက်က တဲတွေထိုးပြီး ပြုတ် အိုးတွေ၊ နေလှန်းစင်တွေ ပြင်ဆင်နေ ကြပြီ '' ဟု မြိတ်အခြေစိုက် ရေလုပ်ငန်း ကုမ္ပဏီကြီးတစ်ခုမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။ ခင်မျိုးသွယ်
Background