Main menu

Background

တနင်္သာရီတိုင်းဒေသကြီးတွင် ငါးအလွန်အကျွံဖမ်းဆီးမှုမျးကို ထိန်းချုပ်ရန် လိုအပ်လာ

Tue, 10/12/2010 - 10:08 -- Anonymous (not verified)

 တနင်္သာရီတိုင်းဒေသကြီးတွင် ငါးအလွန်အကျွံဖမ်းဆီးမှုမျးကို ထိန်းချုပ်ရန် လိုအပ်လာ      တနင်္သာရီတိုင်းဒေသကြီးသည် ငါးအလွန်အကံျွဖမ်းဆီးမှုများကို ထိန်းချုပ်ရန် လိုအပ်လာသော ဒေသတစ်ခုဖြစ်လာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က သိရသည်။     '' တနင်္သာရီတိုင်း ဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ ရေလုပ်ငန်းဆိုင်ရာ တင်ပြ ချက်များအရ တနင်္သာရီတိုင်းဒေသကြီး၏ ငါးပုစွန် ထုတ်လုပ်မှုမှာ ၁၉၉၇-၉၈ ခုနှစ်တွင် ငါးပုစွန်တန်ချိန်ပေါင်း ၂၇၉၁၁ဝ ရရှိခဲ့ရာမှာ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်တွင် ငါးပုစွန်တန်ချိန် ပေါင်း ၇၆၆၂၂ဝ အထိ တိုးတက်ရရှိလာတာကို တွေ့ရပါတယ်။ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်မှာ တနင်္သာရီ တိုင်းဒေသကြီး၏ ငါးထုတ်လုပ်မှုမှာ ၁၉၇၉- ၈ဝ ခုနှစ်က သုတေသနတွက်ချက်ရရှိသည့် နှစ်စဉ်တည်ရှိရမည့် တန်ချိန် ၅၂၈၃၅ဝ ထက် ကျော်လွန်နေတာကို တွေ့ရှိရပါတယ်။ အဲဒီနှစ်မှာ နိုင်ငံခြား ငါးဖမ်းရေယာဉ် (၁၉၇)စီးက ဖမ်းဆီးတဲ့ ငါးတန်ချိန် ၈၇၈၇၈ ဒသမ ၄ ပါဝင်နိုင်ပါတယ်။ ဒါ့ကြောင့် ငါးအလွန်အကံျွ ဖမ်းဆီးမှုများကို ထိန်းချုပ်ရန်လိုအပ်တဲ့ ဒေသတစ်ခုဖြစ်တာ တွေ့ရပါတယ်'' ဟု မြိတ်ကျွန်းစုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးဟန်ထွန်းက ပြောကြားခြင်းဖြစ်သည်။       ၁၉၇၉-၈ဝ ခုနှစ်က တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ပင်လယ်ပြင်ကို သုတေသနရေယာဉ် R.VDr.Fridtjot Nansen  ဖြင့် တိုင်းတာချက ်အရ ရေအနက် မီတာ ၂ဝဝ အတွင်းတည်ရှိနေသော ရေပေါ် အလွှာတင် ကျက်စား သည့် ငါးနှင့် ရေအောက်ပင်လယ်တွင် ကျက်စားသည့် ငါးနှစ်စဉ်တည်ရှိမည့် တန်မှာ ၅၂၈၃၅ဝ ဖြစ်ပြီး နှစ်စဉ် ထုတ်လုပ် နိုင်မည့် ငါးတန်ချိန်မှာ ၄၅၄၅ဝဝ ဖြစ်သည်ဟုဆိုသည်။                                                                                                                                                ခင်မျိုးသွယ်