Main menu

Background

အိမ်ခြံမြေဈေးကွက်တွင် အငှား ၇၀ ရာခိုင်နှုန်း ရရှိ

Tue, 10/12/2010 - 10:18 -- Anonymous (not verified)

 အိမ်ခြံမြေဈေးကွက်တွင် အငှား ၇၀ ရာခိုင်နှုန်း ရရှိ        ရန်ကုန် အိမ်ခြံမြေဈေးကွက်တွင် စက်တင်ဘာလအတွင်း အငှားဈေးကွက် အနေဖြင့် ၇ဝ ရာခိုင်နှုန်းရရှိခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီများမှ သိရသည်။        ''စက်တင်ဘာလတစ်လလုံးအနေနဲ့ အငှားဈေးကွက် ၇ဝ ရာခိုင်နှုန်းရရှိတယ် ဆိုတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီ တစ်ခုတည်းမှာဘဲ စက်တင်ဘာလ နောက်ဆုံးပတ်ထဲမှာ မြေညီထပ်အငှားအနေနဲ့ တာမွေဘက်က တစ်လ ၃ သိန်း၊ ပုဇွန်တောင် ဘက်က တစ်လ ၆ သိန်း၊ ရိုးရိုးတိုက်ခန်းတစ်ခန်းကို ဒဂုံမြို့နယ်ထဲမှာ တစ်လကို ၂ သိန်းခွဲနဲ့တည့်ခဲ့တယ်။ ကွန်ဒိုအငှား ဆိုရင် ဒဂုံမြို့နယ်ထဲက ကွန်ဒို ၂ ခန်းက ၄ သိန်းခွဲနဲ့ ၅ သိန်းခွဲ။ ဗဟန်းရိပ်မွန်ထဲမှာ ၄ သိန်း။ ပုလဲကွန်ဒိုထဲက ၄ သိန်းနဲ့ တစ်ခန်း စုစုပေါင်း ၅ ခန်းငှားပေးခဲ့ရတယ်။ လုံးချင်းတိုက်အငှားက တစ်လကို ဒေါ်လာ ၁၇ဝဝ နဲ့ နိုင်ငံခြားသားအတွက် ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်'' ဟု ယူနီတီ အိမ်ခြံမြေကုမ္ပဏီမှ ဦးဇော်ဇော်က ပြောကြားသည်။     အဆိုပါကုမ္ပဏီမှ စက်တင်ဘာလနောက်ဆုံးပတ်အတွင်း သိန်း ၂ဝဝဝ တန် မြေကွက်ကို မရမ်းကုန်းမြို့နယ်အတွင်းတွင် လည်းကောင်း၊ ကျပ်သိန်း ၃ဝဝဝ ကျော် တန် မြေ ၈ဝ ပေပတ်လည် (RC  ၂ ထပ် )ကို သင်္ဃန်းကျွန်းမြို့နယ်အတွင်းတွင် လည်းကောင်း  ဝန်ဆောင်မှုပေးခဲ့သည်ဟု ဆိုသည်။                                                                                               ခင်မျိုးသွယ်