Main menu

Background

မန္တလေသစ်သီးဈေးကွက်

Tue, 10/12/2010 - 10:49 -- Anonymous (not verified)

 မန္တလေသစ်သီးဈေးကွက်      မန္တလေးသစ်သီးဈေးကွက်မှာ တရုတ်သစ်သီးတွေဖြစ်တဲ့ ပန်းသီး၊ သစ်တော်၊ နဂါးမောက်၊ ဆန်းကစ်၊ စပျစ်စတဲ့အသီးတွေ အဝင် နည်းပြီး ပြည်တွင်းသီးတွေဖြစ်တဲ့ ဖရဲ၊ သခွား၊ သင်္ဘော၊ ကမ္ဗလာ၊ လိမ္မော်၊ ထောပတ်၊ ပင်မှည့်၊ ဂရိတ်ဖရု၊ သြဇာတွေ အဝင်များနေ တာကို တွေ့ရပါတယ်။ လိမ္မော်ကတော့ အဝင်ရှိပေမဲ့ အဝင်နည်းပြီး ရက်ခြားသာဝင်ပါတယ်။ လိမ္မော်ကို ပြည်တွင်းက ရှမ်းပြည်နယ် တောင်ပိုင်းသီးနဲ့ တရုတ်သီးတွေ စဝင်နေတာကိုတွေ့ရပြီး သီတင်း ကျွတ်နောက်ပိုင်းမှ လှိုင်လှိုင်ဝင်လာမှာဖြစ်ပါတယ်။      တရုတ်လိမ္မော် တစ်ဖာ ၁၂ဝဝဝ ကျပ်မှ ၁၈ဝဝဝ ကျပ်ထိဈေး ရှိပါတယ်။ ပြည်တွင်းလိမ္မော်က အချိန် ၁ဝဝ ကို ၁ဝဝဝဝဝ ကျပ်ဈေး ရှိပေမဲ့ အရောင်းအေးပါတယ်။ မန္တလေးမှာ ဖျော်ရည်သီးဖြစ်တဲ့ ပင်မှည့်၊ ကမ္ဗလာနဲ့ ဂရိတ်ဖရုသီးတွေက အရောင်း သွက်ပြီး ပင်မှည့် တစ်လုံး ၅ဝ ကျပ်၊ ၆ဝကျပ်၊ ဂရိတ်ဖရုတစ်လုံး ၄ဝ ကျပ်၊ ၅ဝ ကျပ် ကမ္ဗလာ အချိန် ၁ဝဝ ကို ၅ဝဝဝဝ ကျပ်၊ ၆ဝဝဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါတယ်။                                                             မျိုးသီတာ