
မေလ ၈ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် ချုပ်ဆိုထားသည့် နိုင်ငံတကာ နျူကလီးယားစာချုပ်မှ နုတ်ထွက်ခဲ့ပြီး ရက်ပေါင်း ၁၈၀ အတွင်း အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုများ ပြန်လည်ချမှတ်မ ည်ဖြစ်ကြောင်း ပြောကြားထားပြီးဖြစ်ရာ လာမည့်နိုဝင်ဘာလမှ စတင်၍အီရန်သို့ရေနံ သွင်းကုန်ဖိုး ငွေများအား ပေး ချေရန်အတွက် တာဝန်ယူဆောင်ရွက်ပေးလိမ့်မည် မဟုတ်ဟု State Bank of India uဇွန် ၁၅ ရက် တွင် တရားဝင် ပြောကြားခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်၍ အီရန်နှင့် ငွေပေးချေမှု လမ်း ကြောင်းသစ်တစ်ခု ဖော်ဆောင်နိုင်ခြင်းမရှိပါက ယခုနှစ်သြဂုတ်လကုန် မှစ၍ အိန္ဒိယ၏ အီရန်မှ ရေနံတင်သွင်းမှုများအပေါ် ရိုက်ခတ်မှု ရှိလိမ့်မည် ဖြစ်ကြောင်း၊ အီရန်အပေါ်အမေရိ ကန်၏ အရေး ယူ ပိတ်ဆို့ရာ၌ အချို့ကဏ္ဍသည် ရက်ပေါင်း ၉၀ အတွင်းအသက်ဝင်မည်ဖြစ်ပြီးရေနံအပါ အဝင် အခြားသော ကဏ္ဍများမှာမူ ရက်ပေါင်း ၁၈၀ နောက်ပိုင်းတွင်မှ အသက်ဝင်မည်ဖြစ်ကြောင်း၊ သို့ရာ တွင်အီရန် သည်အိန္ဒိယရေနံသန့်စင် ကုမ္ပဏီ များထံသို့ ရက် ၆၀ ဆိုင်းငံ့ငွေပေးချေမှုစနစ်ဖြင့်ရောင်းချလေ့ရှိ သည့်အတွက် သြဂုတ်လကုန်တွင် တင်ပို့မည့်ရေနံဖိုးများကို နိုဝင်ဘာလတွင် ပေးချေ ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရေနံစိမ်း တင်သွင်းမှု အပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့မှုမှာ နိုဝင် ဘာလတွင်မှအသက်ဝင်မည် ဖြစ်သော်ငြားလည်း လက်တွေ့ တွင်မူ အိန္ဒိယ၏ ရေနံတင်သွင်းမှုအပေါ် သြဂုတ်လကတည်းက သက်ရောက် မှုရှိမည်ဖြစ် ကြောင်း သိရှိရပါသည်။
သို့ဖြစ်၍ အီရန်အပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့မည့် သတင်းကြောင့် အိန္ဒိယရေနံသန့်စင်ကုမ္ပဏီ ကြီးများဖြစ်သည့် RelianceIndustries Ltd ESifh Rosneft- promoted NayaraEnergy တို့သည် အီရန်မှရေနံဝယ်ယူမှုများကို မကြာမီ ရပ်တန့်မည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရ အနေဖြင့် အမေရိကန်၏ အရေးယူပိတ်ဆို့မှုကို မလိုက်နာသော်ငြားလည်း အမေရိကန်ဘဏ္ဍာရေး စနစ်နှင့်ချိတ်ဆက်နေသည့်ဘဏ်များ၊ ကုမ္ပဏီများ အနေဖြင့် မလိုက်နာပါက ဒဏ်ကြေးပေးဆောင်ရနိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။
သို့ရာတွင် အိန္ဒိယနိုင်ငံပိုင် ရေနံသန့်စင် ကုမ္ပဏီကြီးများသည် ရေနံတင်သွင်းမှုကို နှစ်ဆ တိုးမြှင့်ရန် အစီအစဉ် များ ရေးဆွဲထားပြီး ဥှုဃ အနေဖြင့်လည်း တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၈၀၀၀၀ ခန့်ထိ အီရန်မှ ဝယ်ယူရန် အစောပိုင်းက ရည်ရွယ်ထားကြောင်း၊ သို့ဖြစ်၍ အမေရိကန်၏ အရေးယူပိတ်ဆို့မှုကြောင့် အီရန်အနေဖြင့် ၎င်းင်း၏ ရေနံရောင်းချမှုအား မထိခိုက်စေရန် အိန္ဒိယသို့ ပိုမိုသက်သာသည့်ဈေးနှုန်းဖြင့် ကမ်းလှမ်းနိုင်ဖွယ် လည်းရှိပြီး အိန္ဒိယလုပ်ငန်းရှင်များကလည်း ရက် ၆၀ ဆိုင်းငံ့ပေးချေစနစ်အား ဈေးနှုန်းပိုမို လျှော့ချ ပေးရန် တောင်းဆိုလာနိုင်ဖွယ်ရှိသည်ဟု ပညာရှင် အချို့က သုံးသပ်ပြောကြားထားကြောင်း သိရှိရပါ သည်။
၂၀၁၇-၂၀၁၈ တွင် အီရန်ရှိ ဓာတ်ငွေ့လုပ် ကွက်တစ်ခုနှင့် စပ်လျဉ်း၍ အငြင်းပွားမှုကြောင့် အိန္ဒိယသည် အီရန်မှ ရေနံဝယ်ယူတင်သွင်းမှုကို လျှော့ချခဲ့သည့်တိုင် အိန္ဒိယသို့ရေနံ တတိယ အများဆုံးတင်ပို့ရောင်းချ နေရာတွင် အီရန်ဆက် လက် ရှိနေခဲ့ကြောင်း၊ ယင်းကာလအတွင်း အီရန် မှ အိန္ဒိယသို့ ရေနံတင်ပို့ရောင်းချမှု မှာ တစ်ရက် လျှင် စည်ပေါင်း ၄၅၈၀၀၀ ခန့်ရှိရာ အိန္ဒိယ၏ နေ့စဉ်ရေနံဝယ်ယူမှု ပမာဏ၏ ၁၀ ပုံတစ်ပုံခန့် သည် အီရန်မှ ဖြစ်ကြောင်းသိရှိရပါသည်။
အီရန်မှရေနံတင်သွင်းမှုအား ထိခိုက်မှု မရှိစေမည့် နည်းလမ်းများရှာဖွေရန်အတွက် အိန္ဒိယအစိုးရနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ တာဝန်ရှိ သူများ ပါဝင်သော အိန္ဒိယကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့်အပတ်တွင် ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နှင့် ဘရပ်ဆဲလ်အခြေစိုက် အီးယူတို့သို့ သွားရောက် ခဲ့ကြကြောင်းလည်း သိရှိရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့
