Main menu

Background

ပြည်ဒေသထွက ကိုင်းခရမ်းချဉ်အရောင်းသွက်

Tue, 10/12/2010 - 11:00 -- Anonymous (not verified)

 ပြည်ဒေသထွက ကိုင်းခရမ်းချဉ်အရောင်းသွက်     ပြည်ဈေးကွက်တွင် ခရမ်းချဉ်သီးများ ဈေးကောင်းရရှိကာ အရောင်းသွက်လျက်ရှိပါတယ်။ ဈေးကွက်တွင် ရှမ်းသီးနဲ့ ကိုင်းသီးနှစ်မျိုးရှိပါတယ်။ ယခင်နှစ်က ရှမ်းသီး တစ်ပိဿာ ၈ဝဝ ကျပ်မှ ၁ဝဝဝ ကျပ်၊ ကိုင်းသီး တစ်ပိဿာ ၁၁ဝဝ ကျပ်မှ ၁၂ဝဝ ကျပ်ရှိခဲ့ သော်လည်း ယခုနှစ်တွင် ရှမ်းသီးရော၊ ကိုင်းသီးပါ တစ်ပိဿာ ၁၂ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဈေးနှုန်းတူသော် လည်း အခွံပါးပြီးနူးညံ့တဲ့ ဒေသထွက် ကိုင်းခရမ်းချဉ်သီးများဟာ ရှမ်းခရမ်းချဉ်သီးများထက် လူကြိုက်ပိုများကာ ပိုမိုအရောင်းသွက် တယ်လို့ သိရပါတယ်။      ပြည်ဈေးကွက်တွင် ခရမ်းချဉ်သီးများကို အဝယ်ဒိုင်ဖွင့်ကောက် ယူရာတွင် ရှမ်းပြည်ဘက်မှ သေတ္တာများဖြင့်ဝင်၍ ဒေသထွက် ကိုင်း ခရမ်းချဉ်သီးများမှာ ခြင်းများဖြင့် လာရောက်ရောင်းချကြပါတယ် ပြည်ဈေးကွက်မှတစ်ဆင့် တိုင်းတွင်း မြို့နယ်များသို့လည်း ဖြန့်ဖြူး ရောင်းချတဲ့အပြင် မကွေးဘက်ကိုလည်း တင်ပို့ရောင်းချကြောင်း သိရပါတယ်။                                                                                                                                        အိရွှေဇင်