
ဇူလိုင် ၁၈ ရက်က မလေးရှားရင်းဂစ်တန်ဖိုး ဆက်လက် ကျဆင်းနေခဲ့ပြီး စားအုန်းဆီဈေးမှာ ၂ ရာခိုင်နှုန်းခန့် မြင့် တက်ခဲ့ကြောင်းသိရသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင်၏ အောက်တိုဘာလအတွက် စားအုန်းဆီ ကြိုရောင်း ကြိုဝယ်ဈေး မှာ ဇူလိုင် ၁၁ ရက်က စားအုန်းဆီ တစ်တန်လျင် ၂၂၁၈ ရင်းဂစ်ထိမြင့်တက်ခဲ့ပြီးနောက် ဇူလိုင် ၁၉ ရက်တွင် စားအုန်း ဆီတစ်တန်ဈေးမှာ ၂၂၁၁ ရင်းဂစ်သို့ ပြန်လည်ကျဆင်းခဲ့ သည်။ တစ်ပတ် အတွင်း အမြင့်ဆုံး စားအုန်းဆီ တစ်တန်ဈေး နှုန်းမှာ ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ၂၂၂၀ ရင်းဂစ်ဖြစ်ခဲ့ပြီး နောက်ပိုင်း ယင်းတစ်နေ့တည်းတွင်ပင် သုည ဒသမ ၈ ရာခိုင် နှုန်းကျဆင်းခဲ့ကာ ၂၁၉၃ ရင်းဂစ်ဖြင့် နောက်ဆုံးဈေးပိတ် သိမ်းခဲ့သည်။ ဇူလိုင် ၁၉ ရက်တွင် စားအုန်းဆီ ကုန်သွယ်မှုမှာ ၂၅ တန်တွဲပေါင်း ၆၃၃၅၂ တွဲ ကုန်သွယ်မှုရှိခဲ့ပြီး ဇူလိုင်၂၀ ရက်တွင် ၄၇၀၄၅ တွဲ ကုန်သွယ်မှုရှိခဲ့သည်။'' ရင်းဂစ်တန်ဖိုးက ကျဆင်းပြီး စားအုန်းဆီဈေးက တက်နေ တယ်။ ဈေး ကွက် ထဲမှာကလည်း စစ်ဆေးမှုလုပ်နေ တာတွေကလည်းရှိပြီး ရင်းဂစ်တန်ဖိုးကလည်း တစ်ဒေါ်လာ ကို ၂၂၀၀ ရင်းဂစ်ဝန်းကျင်ကို ရောက်နေတယ် ''ဟု ကွာလာ လမ်ပူမှ စားအုန်းဆီကုန်သည် တစ်ဦး က ပြောသည်။''ဈေးကေ တာ့ တက်ပြီး ပြန်ကျသွားတယ်။ ပထမ ရက်၂၀ အတွင်း တင်ပို့ခဲ့တဲ့ စားအုန်းဆီတွေကိုတော့ မထိ ခိုက်ဖို့ မျှော်လင့်မိတယ်''ဟု စားအုန်းဆီကုန်သည် တစ်ဦးက လည်း ဇူလိုင် ၁ ရက်မှ ၂၀ ရက်အတွင်းတင်ပို့ပြီး စားအုန်း ဆီများ ကို ရည်ညွှန်းပြောဆိုခဲ့သည်။ရင်းဂစ်တန်ဖိုးအားနည်းနေမှုသည် နိုင်ငံခြားငွေကိုင် ဆောင်သည့် ဝယ်လက်များအတွက် တွက်ခြေကိုက်နေပြီး စားအုန်းဆီဈေး ကျဆင်းမှုသည် အခြားစားသုံးဆီဈေးနှုန်း များကို သက်ရောက် မှုဖြစ်စေ ခဲ့သည်။ အမေရိကန်ပြည်ထောင် စု ချီကာဂိုကုန်သွယ်မှုဘုတ်အဖွဲ့၏ ဒီဇင်ဘာလအတွက် ပဲပုပ်ဆီ ကြိုရောင်းကြိုဝယ်ဈေးမှာ သုည ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်၏ စက် တင်ဘာအတွက် ပဲပုပ်ဆီကြိုရောင်းကြိုဝယ်ဈေးမှာ သုည ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စားအုန်းဆီ စာချုပ်ဈေးမှာ သုည ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရသည်။စားအုန်းဆီတစ်တန်လျှင် ၂၁၄၈ ရင်းဂစ် သို့ ရောက်ရှိ နိုင်ကြောင်း ရိုက်တာဈေးကွက်စိစစ်ရေးမှူး ဝမ်းတောင်းက လည်း သုံးသပ်ထားကြောင်း သိရသည်။
ခင်လေးယု
