Main menu

Background

ပြည်ကြက်သွန်နီ ဝင်ရောက်မှုများပေမယ့် အရောင်းအဝယ်အေးလျက်ရှိ

Thu, 08/02/2018 - 11:11 -- journal_editor

ယခုတစ်ပတ်တွင် ပြည်ဈေးကွက်သို့  ယခင်ရေနံချောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူဘက်မှ ကြက်သွန်နီအစများအပြင် ယခု အောင်လံ၊ သရက်ဘက်မှကြက်သွန်နီအစများပါ ဝင်ရောက်မှု ရှိလာတဲ့အတွက် အဝင်များနေကြောင်း သိရပါ တယ်။ဝင်ရောက်လာတဲ့ကြက်သွန်နီများမှာ အရည်အသွေး သိပ်မကောင်းသည့်အတွက်   အရောင်းအဝယ်မှာအေးနေတယ်လို့သိရပါတယ်။  အဝင်များပြီး ပုံမှန်ဈေးကွက်ဖြင့်သာ အရောင်းအဝယ်အေးနေသောေ ကြာင့် ဈေးကွက် အတွင်း ကုန်ပစ္စည်းလက်ကျန်များနေကြောင်း သိရပါတယ်။ ဈေးနှုန်း အနေနဲ့ သြင်္ကန်ပြီးကာလအချိန်မှစ၍ ဈေးနှုန်းများ ကျဆင်း ကာ ယခုအချိန်ထိဈေးငြိမ်နေတာတွေ့ရပါတယ်။ ပြည်ပွဲရုံ များ၌ လက်ကားတစ်ပိဿာကို အရည် အသွေးပေါ်မူတည်၍ကျပ် ၅၅၀ - ၆၀၀- ၆၅၀- ၇၀၀ စသည်ဖြင့် ခွဲခြားရောင်းချပြီးလက်လီဈေးအသေးများတွင် တစ်ပိဿာကို (ကြီး) ကျပ် ၇၅၀ မှ ၈၀၀၊ (လတ်) ကျပ် ၈၀၀ မှ ၉၀၀၊ (သေး) ကျပ် ၆၅၀ မှ ၇၀၀ စသည်ဖြင့်ေ ရာင်း ချနေ တာတွေ့ရပါတယ်။စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းပေါများပြီး ဈေး ချိုနေသည့်အတွက် အကြိုက်တွေ့ကာ အဆင်ပြေစွာဝယ်ယူ စားသုံးလျက်ရှိနေကြောင်း သိရပါတယ်။                    

ဝင်းလဲ့ဝါ(ပြည်)