Main menu

Background

ငရုတ်မျိုး ပြောင်းလဲစိုက်ပျိုးလာကြပြီ

Tue, 10/12/2010 - 11:06 -- Anonymous (not verified)

 ငရုတ်မျိုး ပြောင်းလဲစိုက်ပျိုးလာကြပြီ      နှစ်စဉ်စိုက်ပျိုးခဲ့ကြတဲ့ဒေသမျိုး မိုးထောင်ငရုတ်ဟာ ကာလ ရှည်ကြာလာတာနဲ့အမျှ အထွက်နှုန်းကျလာတာ တွေ့ရပါတယ်။တစ်ဧကအထွက်နှုန်း အခြောက်ပိဿာ ၂ဝဝ ဝန်းကျင်သာထွက် ခဲ့တဲ့အတွက် တောင်သူအများစုက တွက်ချေမကိုက်ကြဘူးလို့ဆိုပါတယ်။ ဒီမွန်၊ သာမို၊ ဘီဂျိုမျိုးတွေကို တောင်သူများ ပြောင်း လဲစိုက်ပျိုးခဲ့တဲ့အတွက် တစ်ဧကအထွက်နှုန်း ၄ဝဝ ကျော်ထွက်ခဲ့ကြလို့ ဝင်ငွေအကိုျးအမြတ်လည်း ထိထိမိမိရရှိခဲ့ကြပါတယ်။     ''ကျွန်တော်တို့မြစ်သားမြို့နယ် စပါယ်တော၊ ရွာနန်းကြီး၊ လေးဆယ်ကုန်း၊ ကသည်းကုန်းကျေးရွာတွေမှာ ဒေသမျိုး မိုးထောင်၊ နိုင်ငံခြားမျိုး ဒီမွန်၊ သာမို၊ ဘီဂျို၊ မျိုးစုံစိုက်ပျိုးခဲ့ကြပါတယ်။ ဒေသမျိုး မိုးထောင်ငရုတ်က အထွက်နှုန်းကျလာလို့ တစ်ဧကဝင်ငွေလည်း နည်းပါတယ်။ နိုင်ငံခြားမိုျးတွေကတော့ အထွက် နှုန်းကောင်းတဲ့အတွက် တစ်ဧကဝင်ငွေ အနည်းဆုံး ၄ သိန်းကျော်မြတ်ခဲ့ပါတယ်။ ကျွန်တော်မှာ အိန္ဒိယမျိုးဖြစ်တဲ့ ဘီဂျိုငရုတ် ကိုမနှစ်က နိုဝင်ဘာလ စိုက်ခဲ့ရာ ဒီနေ့ထိ အားလုံးဆွတ်ခူးခဲ့ရာပိဿာချိန် ၄၅ဝ ရရှိခဲ့ပါတယ်။ တစ်ဧက ဝင်ငွေအကျိုးအမြတ် ကတော့ ၅ သိန်းဝန်းကျင် ရရှိခဲ့ပါတယ်။ ဒေသမျိုးကတော့အချိန်ကုန်လူပန်းပြီး တွက်ချေမကိုက်တော့ပါဘူး။ အထွက်နှုန်း ကောင်းတဲ့မျိုးတွေကို ရွေးချယ်စိုက်ပျိုးတဲ့အတွက် တောင်သူများထိမိစွာအကျိုးအမြတ် ခံစားလာကြရပါတယ်''လို့ တောင်သူ ဦးစိန်အောင်လင်းက အထွက်နှုန်း ကောင်းတဲ့ မျိုးတွေကို စိုက်ပိုျးလို့ဝင်ငွေ တိုးတက်လာကြပြီလို့ ဆိုပါတယ်။ ကျော်ဦး