Main menu

Background

ပင်လောင်းနနွင်း လက်ကျန်များဆဲ

Tue, 10/12/2010 - 11:24 -- Anonymous (not verified)

ပင်လောင်းနနွင်း လက်ကျန်များဆဲ     ရှမ်းနနွင်းဈေးက ဒီတစ်ပတ်မှာဈေးအမျိုးမျိုးဖြစ်နေပါတယ်။ ပင်လောင်းက ကုန်သည်တွေဆီမှာ နနွင်းလက်ကျန်က ပိဿာချိန် သိန်းဂဏန်း ခန့်ကျန်ရှိနေသေးတယ်လို့ သိရှိရပါတယ်။ ယခင်လတွေမှာတော့ စစ်တွေဝယ်လက် တွေ ဝယ်လိုအားကောင်းလွန်းတာကြောင့် အောင်ပန်း၊ တောင်ကြီးနယ်တွေက နနွင်းသန့်တွေ ကုန်သလောက်ဖြစ်သွားပါတယ်။ ပင်လောင်းကထွက်တဲ့ နနွင်းက စိုက်ကတည်းမှာ နနွင်းခါးနဲ့ ရောပြီး စိုက်တာကြောင့် ထွက်လာတဲ့အခါမှလည်း နနွင်းသန့် (ဝါ)တွေအထွက်နည်းပြီး နနွင်းညို (ဖြူ)တွေသာ အထွက်များပါတယ်။ ဒါကြောင့်လည်း ပင်လောင်းနနွင်းက ဈေးကွက်မှာ တောင်ကြီး၊ အောင်ပန်းနနွင်း တက် ဈေးလျော့ပါတယ်။ ဝယ်လက်တွေကလည်း နနွင်းသန့်တွေကိုသာ ရွေးဝယ်နေ တာကြောင့် ပင်လောင်းနနွင်းညံ့တွေ လက်ကျန် ကျန်နေသေးတယ်လို့ ကုန်သည် ရပ်ဝန်းက သိရှိရပါတယ်။ ဒီတစ်ပတ် အောင်ပန်း ဈေးကွက်မှာ နနွင်းသန့် (ဝါ) တစ်ပိဿာ ၃ဝဝဝ ကျပ်၊ နနွင်းညံ့က တစ်ပိဿာ ၂၇ဝဝ ကျပ်၊ နနွင်းခေါင်းက၂ဝဝဝ ကျပ်ဈေး ရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတက်ဈေးက တစ်ပိဿာ ၃၃ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။                                                                                                                                        ဧဧခိုင်