Main menu

Background

မန်ကျည်း စက်တင်ဘာအပို့ ယခင်လထက်ကျ

Tue, 10/12/2010 - 11:28 -- Anonymous (not verified)

 မန်ကျည်း စက်တင်ဘာအပို့ ယခင်လထက်ကျ      ပြည်တွင်းဒေသထွက်မန်ကျည်း ကို ပြည်ပနိုင်ငံဈေးကွက်သို့ ရေ ကြောင်း ကနေ တင်ပို့ ရာမှာ စက်တင် ဘာလအတွင်း တန်ချိန် ၈၈ တန်၊ တန်ဖိုး ၃၄၃၂ဝ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သြဂုတ်လအပို့ထက် တန် ၅ဝ ကျော်ကျော် အပို့လျှော့ကျ သွားတာ တွေ့ရပါတယ်။ ပြည်တွင်းသုံးအတွက် အဓိကစုဆောင်းလျက်ရှိ နေတာ ကြောင့် နဲ့ အထွက်နည်းတဲ့ ကာလဖြစ် လို့ အပို့လည်း ခပ်ပါးပါးပဲရှိခဲ့ပါတယ်။ သြဂုတ်လအတွင်းက အိန္ဒိယဘက်ကို ပို့နိုင်ခဲ့ပေမဲ့ စက်တင်ဘာလမှာတော့ အိန္ဒိယ အစား အာရပ်စော်ဘွားနိုင်ငံ ဘက်ကိုပဲ အလှည့်ပေးခဲ့ပါတယ်။ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက် ရက်သတ္တပတ်ကာလအတွင်း ပင်လယ်ရေကြောင်းလမ်းက နေ မန်ကျည်းတင်ပို့မှုက တန်ချိန် ၄၄ည တန်၊ တန်ဖိုးကန်ဒေါ်လာ ၁၄၅၂ဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက တော့ အာရပ် စော်ဘွားများပြည်ထောင်စုနိုင်ငံပဲ ဖြစ်ပြီး တစ်တန်ကို ပျမ်းမျှ အက်ဖ် အိုဘီ ၃၃ဝ ဒေါ်လာနဲ့ တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်သီတင်းပတ်မှာ အပို့မ ရှိဘဲ ယခု တစ်ပတ်မှာစုဆောင်းပြီး ပြန် လည် တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။MIRT (DOT)