Main menu

Background

ကျပ်သန်း ၂ဝဝဝ ကျော်တဲ့ ပရဆေးဝင်ငွေ

Tue, 10/12/2010 - 11:31 -- Anonymous (not verified)

 ကျပ်သန်း ၂ဝဝဝ ကျော်တဲ့ ပရဆေးဝင်ငွေ     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် နယ်စပ်ကုန်သွယ် ရေး ဇုန်ကနေ ၂ဝ၁ဝ ခုနှစ်၊ စက်တင် ဘာလအတွင်း တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာမှာသုံးတဲ့ မြန်မာ့ ပရဆေး တန်ချိန် ၁၂ဝဝ ကျော်ကို တန်ဖိုး ကျပ်သန်း နှစ်ထောင်ကျော်ဖိုး တင်ပို့ သွားခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့ ချဉ်ပေါင် ဖာလာ၊ မာလာဥ၊ မာလာဥခေါင်း၊ ဒရင်ကောက်မြစ်၊ မျောက်ဥခြောက်၊ ဖန်ခါးသီးခြောက်၊ စကားပန်းပွင့် ခြောက်၊ တောဂျင်း၊ ကျောက်ဂျင်း၊ တောဂျူးမြစ်၊ ကြောင်ပန်းစေ့၊ ကြောင်လျာစေ့၊ မိကျောင်းကွမ်းဖတ် စေ့၊ ရွေးရွက်၊ အုံတုံခေါက်၊ ရှားစေးနဲ့ တောင်လုံးကျော်တို့ ဖြစ်ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးတွေထဲက ချဉ်ပေါင် ဖာလာစေ့ တစ်မျိုးတည်း ကျပ်သန်း ၇ဝဝ နီးပါးရရှိခဲ့တာ တွေ့ရပါတယ်။ နေပြည်တော် (ပျဉ်းမနားမြို့) အရှေ့ တောင်ပေါ်ဒေသ ကျေးရွာများမှ ထွက် ရှိတဲ့ ချဉ်ပေါင်ဖာလာစေ့များမှာ ပရ ဆေးအပါအဝင်ဟင်းခတ် အမွှေးအကြိုင် အဖြစ် လူကြိုက်များပြီး တရုတ်ပြည် ဝယ်လက်ရှိတဲ့အတွက်နေပြည်တော် (ပျဉ်းမနား) ရေနီနဲ့ တောင်ငူမြို့များမှာ ပွဲရုံဖွင့်ဝယ်ယူကာ မန္တလေးမှ တစ်ဆင့်မူဆယ်သို့ ပို့ဆောင် ရောင်းချနေကြ ကြောင်း သတင်းရရှိပါတယ်။ မော်မော်အောင်(MIRT)