Main menu

Background

ပဲဖတ်-နှမ်းဖတ်ပေါ်ချိန် အစာဈေး အနည်းငယ်ကျဆင်း

Wed, 10/13/2010 - 04:20 -- Anonymous (not verified)

ပဲဖတ်-နှမ်းဖတ်ပေါ်ချိန် အစာဈေး အနည်းငယ်ကျဆင်း       ဆီထွက်သီးနံှများ စတင်ပေါ်ကာစချိန်ဖြစ်သဖြင့် အစာဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်က သိရသည်။ ''ငါးစာမှာဖွဲ့နုကို အဓိကထားကျွေး၍ မွေးမြူကြသော်လည်း ဖွဲနုသစ်ပေါ်ချိန် မရောက်ရှိသေးတဲ့အတွက် ဖွဲနုဈေး ကျဆင်းခြင်းမရှိသေးပါဘူး။ မနှစ်ကတော့ဒီအချိန်မှာ ဖွဲနုဈေးတက်နေပြီး ဒီနှစ်တော့ဖွဲနုဈေးက မတက်ဘဲတန့်နေပါတယ်။ အခုချိန်က ပဲဖတ်၊ နှမ်းဖတ်ပေါ်လာတဲ့အတွက် ပဲဖတ်-နှမ်းဖတ် ၁ ပိဿာကို ၅ဝကျပ်လောက် ကျလာပါတယ်''ဟု အစာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။       အောက်တိုဘာ ၇ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော အစာဈေးနှုန်းများမှာ (၁ ပိဿာဈေး) ပဲဖတ် ၉၅ဝ ကျပ်၊နှမ်းဖတ် ၈၂၅ ကျပ်၊ ပဲပုပ်ဖတ် ၉၅ဝ ကျပ်၊ ပဲပုပ်စေ့က ၉ဝဝ ကျပ်၊ဖွဲနု ၃၈၂ ကျပ်၊ ပုစွန်ဖွဲ ၆၃ဝ ကျပ်၊ နေကြာ ၆၃ဝကျပ်၊ ပန်းနှမ်း ၆၉ဝ ကျပ်၊ ငါးဂုံးညို ၁၂၅ဝ ကျပ်၊ ငါးဝိုင်း ၁၂၅ဝ ကျပ်၊ ပဲမှုန့် ၄ဝဝ ကျပ် မုန်ညှင်း ၆၅ဝ ကျပ်၊ ပဲတီစိမ်းမှုန့်၄ဝဝ ကျပ်၊ ခရုမှုန့် ၁၅ဝ ကျပ်၊ ငါးပေါင်းမုန့် (၁တန်) ကျပ် ၉ဒသမ ၈သိန်းတို့ဖြစ်ခဲ့သည်ဟု ဆိုသည်။ခင်မျိုးသွယ်