Main menu

Background

လှည်းကူး ကောက်စောစပါး ထွက်ပြီ

Wed, 10/13/2010 - 04:23 -- Anonymous (not verified)

လှည်းကူး ကောက်စောစပါး ထွက်ပြီ        ယခုနှစ် မိုးရာသီမှာ မိုးအဝင်နောက်ကျသလို အထွက်လည်း စောမှာဖြစ်တဲ့အတွက် တောင်သူများအနေနဲ့ သက်တမ်းတိုစပါးမျိုးများကို ရွေးချယ်စိုက်ပျိုးဖို့ သက်ဆိုင်ရာတာဝန်ရှိသူများကနှိုးဆော်ခဲ့ကြပါတယ်။ သက်ဆိုင်ရာရဲ့ သတိပေးချက် အတိုင်း လိုက်နာဆောင်ရွက်ခဲ့တဲ့အတွက် လှည်းကူးမြို့နယ် ပိုက်ကြီးဝဲကျေးရွာမှ တောင်သူကြီး ဦးမောင်ညိုဟာ လယ် ၁ဝ ဧကစိုက်ပျိုးရာမှာ သက်တမ်းတို ရက် ၁ဝဝစပါးမျိုး ၄ ဧကထည့်သွင်းစိုက်ပျိုးခဲ့တဲ့အတွက် အောက်တိုဘာ ၂ရက်က စတင်ရိတ်သိမ်းနေပြီး တစ်ဧကအထွက်နှုန်း ၆၅ တင်းခန့်ရရှိကြောင်းသိရပါတယ်။ အလားတူသက်တမ်းတိုစပါး စိုက်ပျိုးသူများ မှာလည်း စတင် ရိတ်သိမ်းနေပြီဖြစ်တာကြောင့် လှည်းကူးမြို့နယ်အတွင်း ကောက်စောစပါးများ စတင်ထွက်ရှိ လာပြီဖြစ်ပါတယ်။ သက် တမ်းတို ရက် ၁ဝဝ စပါးမျိုး စိုက်ပျိုးမှုရဲ့အကျိုးရလဒ်အဖြစ်မုတ်သုံမိုးစောစီးစွာဆုတ်ခွာခြင်း အတွက် စိုးရိမ်စရာမရှိသလို နွေစပါးစိုက် ပျိုးရန်အတွက်လည်း ပြင်ဆင်ချိန်ပိုမိုရရှိလို့ တောင်သူများဝမ်းမြောက် လျက်ရှိကြောင်းသိရပါတယ်။ ဝင်းနိုင်