Main menu

Background

ပဲမျိုးစုံစိုက်ဧရိယာနဲ့ ထုတ်လုပ်မှုတိုးတက်စေဖို့ ဆောင်းပဲများရဲ့ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း သိသိသာသာ တိုးမြင့်ဖို့စီစဉ်

Wed, 10/13/2010 - 04:31 -- Anonymous (not verified)

ပဲမျိုးစုံစိုက်ဧရိယာနဲ့ ထုတ်လုပ်မှုတိုးတက်စေဖို့ ဆောင်းပဲများရဲ့ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း သိသိသာသာ တိုးမြင့်ဖို့စီစဉ်         ကမ္ဘာမှာ ပဲအများဆုံးထုတ်လုပ်တဲ့တိုင် အိန္ဒိယနိုင်ငံဟာ ပြည်တွင်းလိုအပ်ချက် ပဲတန်ချိန် ၁၈-၁၉ သန်းကို ပြည့်မီဖို့နှစ်စဉ်တန်ချိန် ၃ သန်း-၄ သန်းတင်သွင်းနေရဆဲဖြစ်ပါတယ်။ ဒါကြောင့်လည်း စိုက်ဧရိယာနဲ့ ထုတ်လုပ်မှု တိုးမြင့်ရာမှာအားပေးတဲ့အနေနဲ့ ဆောင်းပဲမျိုးစုံ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း   (MSP )  တိုးမြှင့်ဖို့ စိုက်ပျိုးရေးဝန်ကြီး ဌာနကတင်ပြထားတယ်လို့ သိရပါတယ်။ မိုးပဲမျိုးစုံအတွက် ထောက်ပံ့ဈေးနှုန်းမြင့်တင်ခဲ့ခြင်းကြောင့် စိုက်ဧရိယာ သိသိသာသာတိုးတက်ခဲ့ပြီး၂ဝ၁ဝ-၂ဝ၁၁ မိုးရာသီ ပဲမျိုးစုံထုတ်လုပ်မှုကို တန်ချိန် ၆ သန်းအထိ ထွက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဆောင်းရာသီ ဂံျုအတွက် ထောက်ပံ့ဈေးနှုန်းကို တစ်တန် ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၅၁) သာ တိုးမြင့် ပေးဖွယ်ရှိ ပေမဲ့ ပဲမျိုးစုံ အတွက်ကိုတော့ အစိုးရအနေနဲ့ ပြည်ပတင်သွင်းမှုအပေါ် မှီခိုနေရမှုကို လျှော့ချ လိုတာ ကြောင့်သိသိ သာသာ တိုးမြင့် ပေးနိုင်တယ်လို့ ဆိုပါတယ်။ အစိုးရအရာရှိများရဲ့ ပြောကြားချက်အရ စိုက်ပျိုးရေး ဝန်ကြီးဌာနဟာ ဂံျုအထွက် MSP  ဈေးနှုန်းကို တစ်တန် ရူပီး ၁၁၂ဝဝ (ကန်ဒေါ်လာ ၂၅၃) ကို ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၅၁) တိုးမြင့်ပေးဖို့ တင်ပြထားပြီး ပဲမျိုးစုံအတွက် MSP  ဈေးနှုန်းကို တစ်တန် ရူပီး ၄၂ဝဝ (ကန်ဒေါ်လာ ၉၅) တိုးမြင့်ပေးဖို့ တင်ပြထားတယ်လို့သိရပါတယ်။         ပဲမျိုးစုံဆိုရာမှာ ပဲနီလေးရဲ့ MSP  ဈေးနှုန်းကို တစ်တန် ရူပီး ၁၈၃ဝဝ (ကန်ဒေါ်လာ ၄၁၃) ရှိရာမှ ရူပီး ၂၂၅ဝဝ(ကန်ဒေါ်လာ ၅ဝ၈)ကိုလည်းကောင်း ကုလားပဲတစ်တန် ရူပီး ၁၇၆ဝဝ(ကန်ဒေါ်လာ ၃၉၇)မှ ရူပီး ၂၁ဝဝဝ (ကန် ဒေါ်လာ၄၇၄)ကို လည်းကောင်း တိုးမြင့်သွားနိုင်တယ်လို့ ဆိုပါတယ်။ မုန်ညှင်းစေ့ဈေးကိုတော့ တစ်တန် ရူပီး ၁၈၅ဝဝ (ကန်ဒေါ်လာ ၄၁၈) ကို ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၅၁) သာ ထပ်တိုးမြင့်သွားလိမ့်မယ်လို့ ဆိုပါတယ်။ ဆောင်းသီးနံှများရဲ့ ြှဏ ဈေးနှုန်းတိုးမြင့်ရေးတင်ပြချက်ကို ယခုတစ်ပတ် စီးပွားရေးဆိုင်ရာဝန်ကြီးများအဖွဲ့ ကော်မတီ (CCEA)  မှာဆုံးဖြတ်သွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။          အိန္ဒိယအစိုးရဟာ ၂ဝ၁ဝ-၂ဝ၁၁ သီးနံှရာသီမှာ တန်ချိန် ၁၆ ဒသမ ၅ သန်းအထိ တန်ချိန် ၂ သန်း ပိုမိုထွက်ရှိဖို့ရည်မှန်းထားပါတယ်။ ယင်း ရည်မှန်းချက်အောင်မြင်ဖို့ မိုးရာသီပဲမျိုးစုံ MSP  ဈေးနှုန်းတိုးမြင့်ခဲ့ပြီးဖြစ်သလို ဆောင်းပဲများဖြစ်တဲ့ကုလားပဲနဲ့ ပဲနီလေးတို့ရဲ့ MSP ဈေးနှုန်းကိုလည်း တိုးမြင့်ဖို့ စီစဉ်ခြင်းဖြစ်ပါတယ်။ မိုးပဲမျိုးစုံ စိုက်ဧရိယာတိုးတက်ခဲ့သလိုအထွက်ကလည်း ယခင်နှစ်မိုးရာသီက တန်ချိန် ၄ ဒသမ ၃ သန်းထွက်ရှိရာမှာ ၂ဝ၁ဝ-၂ဝ၁၁ မိုးရာသီမှာ တန်ချိန် ၆သန်းအထိ မြင့်တက်မယ်လို့ခန့်မှန်းထားပါတယ်။                          ယမင်းရွှေစင်၊ Sources: thehindu businessline