Main menu

Background

တရုတ်ပဲတီစိမ်း ပါကစ္စတန် ဈေးကွက်ကို လွှမ်းမိုးလာ

Wed, 10/13/2010 - 04:50 -- Anonymous (not verified)

တရုတ်ပဲတီစိမ်း ပါကစ္စတန် ဈေးကွက်ကို လွှမ်းမိုးလာ          ပဲတီစိမ်းဈေးမြင့်မားနေတဲ့ ပါကစ္စတန် လက်လီ၊ လက်ကားဈေးကွက်များကို ဈေးသက်သာတဲ့ တရုတ်ပဲတီစိမ်း အမြောက်အမြား ဝင်ရောက်လာတာကြောင့် စားသုံးသူများ စိတ်သက်သာရာရစေ ခဲ့ပါတယ်။ လတ်တလော တရုတ်ပြည်မှ တင်သွင်းလာတဲ့ ပဲတီစိမ်းဈေးမှာ တစ်ကီလိုဂရမ်ကို ၁၃၅ ရူပီး (ကန်ဒေါ်လာ ၁ ဒသမ ၅၇) ဈေးရှိပြီး ပြည်တွင်းထွက် ပဲတီစိမ်းဈေးထက် ရူပီး ၂၅ (ကန်ဒေါ်လာ ဝ ဒသမ ၂၉) သက်သာနေတာကြောင့် တရုတ်ပဲတီစိမ်းကို လူကြိုက်များလျက် ရှိတယ်လို့ သိရပါတယ်။             ပြည်တွင်းထွက် ပဲတီစိမ်းများ တစ်ကီလိုဂရမ်ကို ရူပီး ၁၆ဝ (ကန်ဒေါ်လာ ၁ ဒသမ ၈၆) ဖြင့် အမြင့်ဆုံး ဈေး ရောက်ရှိနေတာကြောင့် နိုင်ငံအတွင်းရှိ စားသုံးသူများအတွက် လက်လှမ်း မမှီနိုင်အောင် ဖြစ်ခဲ့ပါတယ်။ ယခင်နှစ်တွေက တစ်ကီလိုကို ရူပီး ၅ဝ-၅၅ (ကန်ဒေါ်လာ ဝ ဒသမ ၅၈-ဝ ဒသမ ၆၄) သာ ရှိခဲ့ရာ စားသုံးသူများဝယ်ယူနိုင်တဲ့ ဈေးဖြစ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း တရားမဝင် မှောင်ခိုတင်ပို့မှုနဲ့ အထွက်နှုန်းကျဆင်းမှုတွေကြောင့် ဈေးနှုန်းအမြင့်ဆုံးကို ရောက်ရှိ လာခဲ့ပါတယ်။           ကရာချိမြို့တော်ရှိ လက်လီနဲ့ ကုန်စုံဆိုင်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဖာရက်က လက်လီနဲ့လက်ကား ဈေးကွက်များအကြား လျင်မြန်စွာ နေရာယူလာပြီး လူကြိုက်များနေတဲ့ အတွက် တရုတ်ပဲတီစိမ်းတွေ အလုံးအရင်း ဝင်ရောက်လာတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့လ အနည်းငယ်က ပဲမျိုးစုံဈေးနှုန်းကြီးမြင့်မှုကြောင့် ဝယ်ယူစားသုံးမှု လျော့နည်းသွားခဲ့ပြီး ဝယ်လိုအား ထိုးကျသွားသဖြင့် ပဲအရောင်းအဝယ်များကျဆင်းခဲ့ရပါတယ်။         ချမ်းသာသူများ ဝယ်ယူလေ့ရှိတဲ့ အရောင်းစင်တာများမှာပင် မတန်တဆဈေးဖြစ်နေတဲ့ ပဲများကို ပုံမှန်ဝယ်ယူမှု ပမာဏထက် ထက်ဝက်ကျော်ခန့် အဝယ်လျှော့ချလိုက်တာကြောင့် ပဲစားသုံးမှု သိသိသာသာ ကျဆင်းခဲ့တယ်လို့ ဖာရက်က ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံက ဈေးသက်သာတဲ့ ပဲမိုျးစုံထပ်မံ ဝင်ရောက်လာတာနဲ့အမျှ ပြည်တွင်းထွက်ပဲများကို အမှီပြု စားသုံးနေရမှုကို လျှော့ချနိုင်မှာဖြစ်ပြီး တရုတ်မှ ပဲအမျိုးမျိုး ဈေးကွက်အသီးသီးကို အောက်ဈေးဖြင့် တိုးဝင်လာမယ့်အရေးမှာ လည်း တားဆီးနိုင်မှာမဟုတ်ဘူးလို့ ဖာရက်က ဆိုပါတယ်။                                                                                                               ယမင်းရွှေစင်၊ှ                                                                                                           Sources: daily times