Main menu

Background

ရာသီချိန်ခါမီ နို့စိမ်းအဝင်ပိုခဲ့

Wed, 10/13/2010 - 06:20 -- Anonymous (not verified)

ရာသီချိန်ခါမီ နို့စိမ်းအဝင်ပိုခဲ့           နို့ဆီနဲ့နို့စိမ်း ပြည်တွင်းသုံးအတွက် စက်တင်ဘာလအတွင်း ပင်လယ်ရေ ကြောင်းကနေ တင်သွင်းမှုကတော့ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖိုးခန့် တင်သွင်းခဲ့ပြီး ယခင် ၂ဝဝ၉ စက်တင် ဘာလတင်သွင်းမှုထက် နှစ်ဆနီးပါး ဒီနှစ်အဝင်ပိုခဲ့တာ တွေ့ရပါတယ်။     ယခင်လဖြစ်တဲ့ ၂ဝ၁ဝ သြဂုတ်လ ထက်လည်း မုန့်ဖုတ်လုပ်ငန်းများ အတွက် အသုံးပိုတဲ့အတွက် အသွင်း တန်ဖိုး ကန်ဒေါ်လာ ခြောက်သိန်းဖိုး လောက် ပြည်တွင်းအဝင် ပိုခဲ့ပါတယ်။ ရက်သတ္တပတ်အတွင်း အဝင်ကတော့ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်ကာလအတွင်း ပင်လယ်ရေ ကြောင်းကနေ နို့ဆီတန်ချိန် ၂ဝ၈ ဒသမ ၇၇ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၂၂၈၉၆၃ဒသမ ၈၆ ဒေါ်လာ ဖိုးကို စင်ကာပူနိုင်ငံဘက်က တင်သွင်း လာတာ တွေ့ရပါတယ်။      နို့စိမ်းအဝင်မှာ ဒွန်းတံဆိပ်တွေကို အများဆုံးတင်သွင်းခဲ့ပြီး နို့ဆီကမာရီဂိုး နဲ့ အိုကေနို့ဆီများ ဝင်လာခဲ့ပါတယ်။ နို့စိမ်း စုစုပေါင်း အဝင်ကတော့ တန်ချိန် ၆၄၈ ဒသမ ၁၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆၃၅၂၈ဝ ဒသမ ၄၄ ဒေါ်လာဖိုးကို ဖောက်သည်နိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံဘက်က တင်သွင်းလာ တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်နဲ့ ယှဉ်ကြည့်ရင် သီတင်း ကျွတ်ခါတော်မီ ကာလဖြစ်ပေမဲ့ နို့ဆီ အဝင်က သုံးဆနီးပါးလျော့ဝင်လာတာ တွေ့ရပါတယ်။ နို့စိမ်းအဝင်ကတော့ ရာသီချိန် မုန့်ဖုတ်လုပ်ငန်း သုံးများတာ ကြောင့် ၁၆၈ ဒသမ ၃ တန် အဝင်ပိုခဲ့တာ တွေ့ရပါတယ်။                                                                                                    MIRT (DOT)