Main menu

Background

နို့ဆီ၊ နို့စိမ်းနယ်စပ်မှ ပုံမှန်သွင်း

Wed, 10/13/2010 - 07:10 -- Anonymous (not verified)

နို့ဆီ၊ နို့စိမ်းနယ်စပ်မှ ပုံမှန်သွင်း            မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ စက်တင်ဘာလ နောက်ဆုံးပတ်မှာ နို့ဆီ ၅၁ ဒသမ ၇ဝ တန် (၂၇၂၇ ကာတွန်း)နဲ့ နို့စိမ်း ၉၃ ဒသမ ၆၄တန်(၄၉၃၉ကာတွန်း) တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၉၃၉ဝဝ ကျော် ဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ နို့ဆီနဲ့ နို့စိမ်း ၁ ကာတွန်းဈေးတွေက ကွာခြားလှမှု ဖရှိဘဲ ၅၄ဝ မှ ၅၄၅ ဘတ် ဈေးပေါက် လျက်ရှိပြီး မိမိဘက်ဈေးများကလည်း ကျပ် ၃ဝဝဝဝ မှ ၃ဝ၁၅ဝ ကျပ်ဈေးရှိပါ တယ်။ တင်သွင်းတဲ့ အမှတ်တံဆိပ်တွေ ကတော့ ပြ My Boy နဲ့ Falcon များဖြစ် ပါတယ်။ စက်တင်ဘာလအတွင်း နို့ဆီ တန်ချိန် ၃၅ဝ ခန့် (၆၆၂၇ ကာတွန်း) နဲ့ နို့စိမ်းတန်ချိန် ၁၃၄၇ တန် (၂၅၅၃၈ ကာတွန်း)အသီးသီး နယ်စပ်စခန်းများမှ တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။MIRT (DOBT)