Main menu

Background

လယ်ယာမြေလျော့ကျမှုနဲ့ ပတ်သက်လို့ ဗီယက်နမ်စိုးရိမ်နေ

Mon, 10/18/2010 - 04:39 -- Anonymous (not verified)

 လယ်ယာမြေလျော့ကျမှုနဲ့ ပတ်သက်လို့ ဗီယက်နမ်စိုးရိမ်နေ     ဗီယက်နမ်နိုင်ငံ တစ်ဝန်းမှာ စက်မှုလုပ်ငန်းများနဲ့ ဈေးဝယ်စင်တာ များ ပြန့်နံှ့လာတာကြောင့် ၂ဝ၂ဝ ခုနှစ် မှာ စပါး စိုက်လယ်မြေများထဲက ၅ ရာ ခိုင်နှုန်းခန့် လျော့ကျနိုင်တဲ့ အစီရင် ခံစာနဲ့ ပတ်သက်လို့ ဗီယက်နမ်အစိုးရ ဟာ စိုးရိမ်မှု ဖြစ်နေတယ်လို့ သိရ ပါတယ်။ စိုက်ပျိုးရေးနဲ့မသက်ဆိုင်တဲ့ ပတ်ဝန်းကျင်ကို ထိခိုက်တဲ့လုပ်ငန်းများ အကန့်အသတ်နဲ့ ဖွံ့ဖြိုး တိုးတက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ စိုက်ပျိုးရေး ဝန်ကြီး ဌာနဟာ ၂ဝ၂ဝ ခုနှစ် နိုင်ငံတော်ရဲ့ စပါးစိုက်ပျိုးတဲ့ လယ်မြေဟက်တာ ၃ဒသမ ၈ သန်းရှိနေအောင် ထိန်းသိမ်း သွားဖို့ ရည်မှန်းထားတယ်လို့ ဝန်ကြီး ဌာနရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထား ကြောင်း သိရပါတယ်။    ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုဟာ လွန်ခဲ့တဲ့ ၁ဝ နှစ် အတွင်း ၇ ရာခိုင်နှုန်းကျော် တိုးတက် ခဲ့ပြီး လူဦးရေ ၈၇ သန်းအတွက် လူ တစ်ဦးချင်း ဝင်ငွေဟာ ကန်ဒေါ်လာ ၁ဝဝဝ ကျော်တယ်လို့ သိရပါတယ်။ အစိုးရဟာ ၂ဝ၁ဝ မှာ လူတစ်ဦးချင်း ဝင်ငွေကို ကန်ဒေါ်လာ ၃ဝဝဝ ထိ ရရှိ အောင်ရည်မှန်းထား ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။လဝန်း၊ှSources: oryza .com