ရာသီဥတုကြောင့် ထိုင်းစပါးပျက်စီးမှု အနည်းငယ်သာရှိနိုင် ထိုင်းနိုင်ငံမှာ မိုးခေါင်ခြောက်သွေ့ပြီးနောက် ရေလွှမ်းမိုးမှုဖြစ်ခဲ့ပေမဲ့ သီးနံှပျက်စီးမှုဟာ ပြောပလောက်တဲ့ ပမာဏ မဟုတ်တာကြောင့် ၂ဝ၁ဝ-၁၁ အဓိကရာသီအတွင်း စပါးထွက်ရှိမှုတန်ချိန် ၂၂ ဒသမ ၉ သန်းထိရှိနိုင် တယ်လို့ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက အောက်တိုဘာလ ၈ ရက်နေ့ကပြောကြားခဲ့ပါတယ်။ အဲဒီပမာဏဟာ အစောပိုင်းက ခန့်မှန်းထားတဲ့ စပါးတန်ချိန် ၂၃ ဒသမ ၂ သန်းထက် ၁ ဒသမ ၃ ရာခိုင်နှုန်းဝန်းကျင် လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ လာမယ့် နှစ် ဆန်ရောင်းဝယ်မှုအတွက် ပြဿနာမရှိနိုင်ပါဘူးလို့ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးရုံးမှ အတွင်းဝန် Apichast Jongsakul မှ ပြောကြားပါတယ်။ မကြာသေးခင်က ထိုင်းနိုင်ငံအလယ်ပိုင်းမှာ လယ်ကွင်းများရေလွှမ်းမိုးခဲ့ပေမဲ့ ယင်းမိုးရေက ရေပေးဝေမှုကို တိုးတက်ဖို့ အထောက်အကူဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ အဓိကစပါးထုတ်လုပ်မှုဟာ နှစ်စဉ်တန်ချိန် ၂၃ သန်းဝန်းကျင်ရှိပြီး နိုဝင်ဘာလမှာ ရိတ်သိမ်းပါတယ်။ ယခုနှစ်မိုးရာသီအတွင်း မိုးသည်းထန်စွာရွာသွန်းပြီးတဲ့နောက် အဓိကရေလှောင်ကန်များမှာ သိသိသာသာ ရေမျက်နှာပြင်မြင့်တက်ခဲ့ပါတယ်။ အဲဒီလိုများလာခြင်းက နောက်ထပ်ဒုတိယသီးထပ်စပါးစိုက်ဖို့ ရေအလံျှပယ်ရရှိစေမှာဖြစ်တယ်လို့ Apichast ကဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ ဒုတိယသီးထပ်စပါးဟာ နိုင်ငံအလယ်ပိုင်းက ဆည်ရေသောက်ဧရိယာမှာ အများဆုံးစိုက်ပျိုးတာဖြစ်လို့ စပါးထွက်ရှိမှုနည်းတယ်လို့ဆိုပါတယ်။ စပါးတန်ချိန် ၅ သန်းနဲ့ ၇ သန်းအကြားသာ ထွက်ရှိတယ်လို့သိရ ပါတယ်။ဒါပေမဲ့ ၂ဝဝ၈ ခုနှစ် စားနပ်ရိက္ခာဈေးနှုန်း စံချိန်တင်မြင့်တက်တဲ့အချိန်မှာ တန်ချိန် ၈ သန်းအထိ တိုးတက်ထုတ်လုပ်ခဲ့တယ်လို့သိရပါတယ်။ ၂ဝ၁ဝ-၁၁ ဒုတိယရာသီအတွင်း စပါးတန်ချိန် ၇ သန်းဝန်းကျင် ထွက်ရှိဖွယ်ရှိတာကြောင့် လာမယ့်ရာသီစုစုပေါင်းထုတ်လုပ်မှုဟာ တန်ချိန် သန်း ၃ဝ ဝန်းကျင်ရှိနိုင်တယ်လို့ဆိုပါတယ်။ အဲဒီပမာဏဟာ ဆန်တန်ချိန် ၁၈သန်းဝန်းကျင်နဲ့ညီမျှပြီး တန်ချိန် ၈ သန်း-၁ဝ သန်းဝန်းကျင်ကို ပြည်တွင်းစားသုံးမှုဖြစ်ပြီး၊ ကျန်ပမာဏကို ပြည်ပတင်ပို့သွားနိုင်မယ်လို့ဆိုပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ တန်ချိန် ၈ ဒသမ ၆ သန်း တင်ပို့နိုင်ခဲ့ပြီး၊ တစ်နှစ်ကိုတန်ချိန် ၈ ဒသမ ၅သန်းမှ ၉ ဒသမ ၅ သန်းအထိ တင်ပို့ဖို့ ရည်မှန်းထားတယ်လို့ဆိုပါတယ်။ ၂ဝဝ၄ နဲ့ ၂ဝဝ၈ ခုနှစ်တွေမှာတော့ ဆန်တန်ချိန် ၁ဝ သန်းအထိ စံချိန်တင်တင်ပို့နိုင်ခဲ့တယ်လို့ ထိုင်းဆန်တင်ပို့သူများအသင်းရဲ့ စာရင်းများအရ သိရပါတယ်။လမင်း၊Source: riceonline
Background