အရောင်းအဝယ်လိုက်လာတဲ့ ကောက်စောစပါးဈေးကွက် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတွင် ၂ဝ၁ဝ-၂ဝ၁၁ မိုးစပါးစိုက်ဧက ၁၂ ဒသမ ၆ သိန်း စိုက်ပျိုးခဲ့ပြီး ယခု အောက်တိုဘာ ပထမပတ်မှစ၍ ကောက်စောစပါးများစတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရပါတယ်။ ကောက်စောစပါး အနေဖြင့် လက်ပံတန်း၊ နတ်တလင်း ၊ ပြည်မြို့နယ်တို့တွင် အရောင်းအဝယ်ဖြစ်နေကြောင်းလည်း သိရပါတယ်။ ကောက်စော စပါး ဈေးနှုန်းအနေဖြင့် ၄၆ ပေါင်တင်း ၁ဝဝ ကို လက်ပံတန်းမြို့တွင် ၃ဝ၃၆ဝဝ ကျပ်၊ နတ်တလင်းမြို့နယ်တွင် ၃၃၁ဝဝဝ ကျပ်နဲ့ ပြည်မြို့နယ်တွင် ၃၂ဝဝဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ပြုလျက်ရှိကြောင်း သိရပါတယ်။ အေးမျိုးရွှေ
Background