Main menu

Background

ကာလတိုအတွင်း အိန္ဒိယပဲမျိုးစုံ ဈေးနှုန်း ၁ဝ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်

Mon, 10/18/2010 - 06:55 -- Anonymous (not verified)

 ကာလတိုအတွင်း အိန္ဒိယပဲမျိုးစုံဈေးနှုန်း ၁ဝ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်      အိန္ဒိယနိုင်ငံအတွင်း ပွဲတော်ရာသီ ကျရောက်လာပြီဖြစ်လို့ ဝယ်လိုအား မြင့်တက်လာဖွယ် ရှိတာကြောင့် ပဲမျိုးစုံ ဈေးနှုန်း မြင့်တက်နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ ဒီပါဝလီလို အဓိကပွဲတော် ကာလအတွင်း အိန္ဒိယနိုင်ငံရဲ့ ပဲမိုျးစုံ ဝယ်လိုအား ဟာ ၁ဝ-၂ဝ ရာခိုင်နှုန်းခန့် မြင့်တက်လေ့ရှိပါတယ်။ ဒါပေမဲ့ ယခုနှစ် ပဲအထွက် မြင့်တက်မယ့် ခန့် မှန်းချက်များကြောင့် ကာလရှည်မှာ တော့ ဈေးများများစားစား မြင့်တက် ဖွယ် မရှိဘူးလို့ ဆိုပါတယ်။     အိန္ဒိယနိုင်ငံရဲ့ မိုးရာသီ ပဲမျိုးစုံ စိုက်ဧရိယာဟာ မနှစ်ကထက်စာရင် ဟက်တာ သိန်း ၂ဝ မြင့်တက်ခဲ့ပြီး၊ အထူးသဖြင့် ပဲစင်းငုံ၊ မတ်ပဲနဲ့ပဲတီစိမ်း စိုက် ဧရိယာ ပိုမိုတယ်လို့ဆိုပါတယ်။ ပဲစင်းငုံ တစ်မျိုးထဲရဲ့ စိုက်ပျိုးမှုဟာ ထက်ဝက်ကျော် တယ်လို့ ဆိုပါတယ်။         စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ စာရင်း များအရ ယခုရာသီအတွင်း စုစုပေါင်း ပဲစိုက်ဟက်တာ ၁၁ဝ သိန်းရှိလို့ ယခင် နှစ် စိုက်ပျိုးတဲ့ဟက်တာ ၉ဝ သိန်းထက် ဟက်တာသိန်း ၂ဝ ပိုမိုနေပါတယ်။ ဒါပေမဲ့ အချို့ဒေသတွေမှာ မိုးရက်ရှည် ရွာသွန်းမှု ကြောင့် သီးနံှများပျက်စီးမှု ရှိတယ်ဆိုတဲ့သတင်းများ ထွက်ပေါ်ခဲ့ ပေမဲ့ ပမာဏ အတိအကျကိုတော့ ဖော်ပြထားခြင်းမရှိဘူးလို့ သိရပါတယ်။ ပျမ်းမျှအထွက်နှုန်း တစ်ဟက်တာကို ၅ဝဝ ကီလိုနှုန်းနဲ့ တန်ချိန် ၁ဝ သိန်းကို ပိုပိုထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ နောက်အရေးပါတဲ့ အချက်ကတော့ မြေဆီလွှာအစို ဓာတ်ရှိနေခြင်း က ဆောင်းရာသီစိုက်ပျိုးမှု အတွက် အခွင့် အရေး တစ်ရပ်ဖြစ်နေပါတယ်။ အိန္ဒိယရဲ့ ဆောင်းသီးနံှကို အောက်တိုဘာ၊ နိုဝင်ဘာမှာစတင်စိုက်ပျိုးပြီး၊ ဖေဖော်ဝါရီ၊ မတ်လမှာ ရိတ်သိမ်းကာ နှစ်စဉ် ထုတ်လုပ်မှုရဲ့ ၆ဝ ရာခိုင်နှုန်းထွက်ရှိ တယ်လို့ သိရပါတယ်။ ပြည်တွင်း ထုတ်လုပ်မှုမြင့်တက်တဲ့တိုင် ပြည်ပက တော့ ဆက်လက် တင်သွင်းနေရဆဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေး ထုတ်လုပ်မှု တိုးတက်လာတာနဲ့အမျှ ကျေးလက် ဒေသဝင်ငွေတိုးတက်လာသလို ဝယ်ယူ စားသုံးမှုနှုန်း မြင့်တက်လာတာကြောင့် လို့ဆိုပါတယ်။      စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ပထမ အကြိမ် ခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ မိုးရာသီပဲထုတ်လုပ်မှုဟာ တန်ချိန် ၆ သန်း ရှိနိုင်မှာဖြစ်လို့ ၂ဝဝ၉-၁ဝ ထုတ် လုပ်မှု ခန့်မှန်းတန်ချိန် ၄ ဒသမ ၃ သန်း ထက် ပိုမိုနေပါတယ်။ ကုလားပဲ ထုတ်လုပ်မှုကို စတုတ္ထအကြိမ် ခန့်မှန်း ရာမှာ ၂ဝဝ၉-၁ဝ မှာ တန်ချိန် ၇ ဒသမ ၃၅ သန်း ရှိပြီး၊ ၂ဝဝ၈-ဝ၉ မှာ တန်ချိန် ၇ ဒသမ ဝ၅ သန်းရှိခဲ့ပါတယ်။ မိုးရာသီ ပဲစိုက်ဧရိယာ တိုးတက်လာတာနဲ့အမျှပဲမျိုးစုံ ဈေးနှုန်းလည်း အကျဘက် ဆင်းခဲ့ရာ အထူးသဖြင့် ကုလားပဲဈေး ကျဆင်းခဲ့ပါတယ်။       ဒီပါဝလီပွဲတော်ပြီးရင်တော့ ပဲမျိုး စုံ ဈေးနှုန်းကျဆင်းဖွယ်ရှိပါတယ်။ ယခု ရာသီအထွက်မြင့်တက်မယ့် အခြေအ နေကြောင့် ပဲမျိုးစုံဈေးနှုန်း တည်ငြိမ် နိုင်ပြီး မြင့်တက်မှုရှိခဲ့ရင်တောင် ၅-၁ဝ ရာခိုင်နှုန်းဝန်းကျင်သာ တက်နိုင်တယ် လို့ ခန့်မှန်းကြပါတယ်။ယမင်းခင်၊ှSource: commodityonline