Main menu

Background

မုံရွာပဲတီစိမ်း အရည်အသွေးကောင်းလို့ ဈေးကောင်းရနေ

Mon, 10/18/2010 - 07:44 -- Anonymous (not verified)

မုံရွာပဲတီစိမ်း အရည်အသွေးကောင်းလို့ ဈေးကောင်းရနေ         မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းကြီးဈေးကွက်ဟာ ပြီးခဲ့တဲ့လကုန်ပတ်နဲ့ အောက်တိုဘာပထမပတ်အတွင်း တစ်တင်း၂၂၅ဝဝ ကျပ်ခန့်သာ အမြင့်ဆုံးပေါက်ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ အသစ်ဝင်လာတဲ့ ပဲတီစိမ်းကြီးတွေ တစ်တင်း ၂၅ဝဝဝကျပ်ထိ ဈေးကောင်းရခဲ့တာတွေ့ရပါတယ်။ အရည်အသွေးကောင်းလို့ ဈေးကောင်းရခြင်းဖြစ်သလို ဈေးကောင်းရလို့လည်းနယ်အဝင် သွက်လာခဲ့ပါတယ်။ နယ်စုံကဝင်လာတဲ့ ပမာဏပေါ်မူတည်ပြီး၊ မန္တလေး ဝယ်လက်တွေ ဝယ်ယူမှုရှိလို့ တစ်ရက်ကို တင်း ၂ဝဝ မှ ၄ဝဝ ကြား ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ အောက်တိုဘာ ၁ ရက်မှ ၁ဝ ရက်ထိ မုံရွာ ဈေးကွက်ကနေ မန္တလေးကို ပဲတီစိမ်းကြီး တင်း ၃ဝဝဝ ခန့် တင်ပို့ခဲ့ကြကြောင်း လေ့လာ သိရှိရပါတယ်။ထွန်းလှိုင်