Main menu

Background

ပြည်ပဈေးကွက်အခြေအနေအရ အိန္ဒိယကုလားပဲဈေးမြင့်တက်

Mon, 10/18/2010 - 07:47 -- Anonymous (not verified)

ပြည်ပဈေးကွက်အခြေအနေအရ အိန္ဒိယကုလားပဲဈေးမြင့်တက်      ပြည်ပလက်ငင်းဈေးကွက်များမှာ ကုလားပဲကိုတာ လျော့ကျခြင်းနဲ့ ပွဲတော်ကာလနီးလာပြီဖြစ်ခြင်းတို့ကြောင့် လွန်ခဲ့တဲ့သီတင်းပတ်များအတွင်း အိန္ဒိယ ပြည်တွင်းဈေးကွက်များမှာ ကုလားပဲဝယ်လိုအား မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုလားပဲအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကို ယခင်နှစ်က တစ်တန်ကို ရူပီး ၁၇၆ဝဝ (ကန်ဒေါ်လာ ၃၉၇ )ရှိရာမှ ရူပီး ၂၁ဝဝဝ (ကန်ဒေါ်လာ ၄၇၄) ကို မြှင့်တင်မယ်ဆိုတဲ့ သတင်းများက ကုလားပဲ ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါ တယ်။ ကုလားပဲအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း တိုးမြင့်လိုက်ခြင်း ကြောင့် ပဲတောင်သူများဟာ ယင်းဈေးအောက်လျော့ချပြီး၊ ရောင်းချမှာမဟုတ်ဘူးလို့ ဆိုပါတယ်။     ပွဲတော်အတွက် အဝယ်ကောင်းလာမှာဖြစ်လို့ ကာလတိုအတွင်း ကုလားပဲတစ်တန်ကို ရူပီး ၇ဝဝ-၈ဝဝ (ကန်ဒေါ်လာ ၁၆-၁၈) မြင့်တက်နိုင်ပေမဲ့ ကာလပတ်အတွင်းမှာတော့ မိုးပဲအထွက်ကောင်းမယ့်ခန့်မှန်းချက်နဲ့ ကုလားပဲ လက်ကျန်ရှိ နေခြင်းတို့ကြောင့် ဈေးငြိမ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။                                                                                                       ယမင်းခင်၊Source: commodityonline