Main menu

Background

ဒေသတွင်းအရောင်းသွက် ဈေးကွက်မာတဲ့ မုံရွာကုလားပဲ

Mon, 10/18/2010 - 08:54 -- Anonymous (not verified)

ဒေသတွင်းအရောင်းသွက် ဈေးကွက်မာတဲ့ မုံရွာကုလားပဲ      မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ရဲ့ အောက်တိုဘာဒုတိယပတ်မှာ အခြားပဲ များထက် ကုလားပဲမျိုးစုံ အရောင်း အဝယ်သွက်ခဲ့ပြီး ပေါက်ဈေးအနေနဲ့ ယခင် အပတ်ကထက် တစ်တင်းကို ၇ဝဝ ကျပ်မှ ၁ဝဝဝ ကျပ်ထိ ဈေးပိုရခဲ့ကာ ကုလားပဲ ရိုးရိုးတစ်တင်း ၁၉၇ဝဝ ကျပ်၊ ကုလားပဲ (တိုင်ပေ) တစ်တင်း ၂၁ဝဝဝ ကျပ်နဲ့ ဗွီတူး တစ်တင်း ၂၁၅ဝဝ ကျပ်အသီးသီး ဈေးမြောက်လာခဲ့ပါတယ်။ ယခုအပတ်ထဲမှာ ရန်ကုန်၊ မန္တလေး ဝယ်လက် အနည်းငယ်သာရှိခဲ့ပြီး ဒေသတွင်းခွဲစက်သမားတွေ အများဆုံးဝယ်ယူ ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ တစ်ရက်ကို တင်း ၃ဝဝမှ ၅ဝဝ ကြား နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ကာ အောက်တိုဘာလ ၁ ရက် နေ့မှ ၁ဝ ရက်နေ့အထိ မန္တလေးကို တင်း ၂ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂၅ဝဝ ခန့်၊ မုံရွာဈေးကွက်မှ တင်ပို့စီးထွက်ခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ထွန်းလှိုင်