Main menu

Background

ဗွီတူးအမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ

Mon, 10/18/2010 - 09:32 -- Anonymous (not verified)

ဗွီတူးအမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ      မုံရွာပဲဈေးကွက်မှာ အောက်တိုဘာ ဒုတိယပတ်အတွင်း အဝယ် လိုက် လာပြီး ဈေးမြင့်လာတဲ့ ပဲကဗွီတူးလို့ သိရပါတယ်။ ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက် များနဲ့အတူ ရန်ကုန်ဝယ်လက်အပြိုင်ဆွဲလာလို့ အောက်တိုဘာလ ၁၁ ရက်နေ့က ပုံမှန်ထက် အရောင်းအဝယ်ပိုကာ ဈေးမှာ တစ်တင်း ၂ဝဝ ကျပ်မြင့်တက်ခဲ့ပြီး တစ်တင်း ၂၁ဝဝဝ ကျပ်နဲ့ အိတ် ၁၅ဝဝ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။အောင်မင်း