Main menu

Background

ဒေသတွင်းအသုံးနှင့် ရန်ကုန်ဝယ်လက်အားပြိုင်နေတဲ့ မုံရွာစွန်တာနီဈေးကွက်

Mon, 10/18/2010 - 10:14 -- Anonymous (not verified)

ဒေသတွင်းအသုံးနှင့် ရန်ကုန်ဝယ်လက်အားပြိုင်နေတဲ့ မုံရွာစွန်တာနီဈေးကွက်      အောက်တိုဘာဒုတိယပတ်အတွင်း ဒေသတွင်းအသုံးနဲ့ ရန်ကုန်ဝယ်လက်အပြိုင်ဆွဲပြီး ဈေးကောင်းနေတဲ့ ပဲကစွန်တာနီပါ။ ဈေးကွက်လက်ကျန်နည်းလာပြီဖြစ်သလို မဝယ်မဖြစ် ဒေသတွင်းသို့ ကြာဇံစက်၊ ပဲကြော်ဖိုများရဲ့ ဝယ်လိုအားနဲ့အတူရန်ကုန်ဝယ်လက်လည်းရှိလာတဲ့အတွက် အောက်တိုဘာလ ဒုတိယပတ်အတွင်းမှာ တစ်တင်း ၂၁ဝဝဝ ကျပ်မှ ၂၂ဝဝဝကျပ်ထိ ဈေးမြင့်တက်ခဲ့ပြီး၊ အောက်တိုဘာ ၁၁ ရက်နေ့က အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။အောင်မင်း