Main menu

Background

လက်လီသမားများအပြင် လက်ကားအဝယ်လိုက်နေတဲ့ ပြည်ပဲနီပြား

Mon, 10/18/2010 - 10:15 -- Anonymous (not verified)

လက်လီသမားများအပြင် လက်ကားအဝယ်လိုက်နေတဲ့ ပြည်ပဲနီပြား        ပြည်ဈေးကွက်မှာတိုင်းအတွင်း လက်လီသမားများဖြင့် အဝယ်လိုက်ခဲ့တဲ့ ပဲနီပြားဟာ ယခုအောက်တိုဘာ လဆန်းမှစ၍ လက်ကားသမားများလည်း အဝယ်ရှိလာတယ်လို့ သိရပါတယ်။ စက်တင်ဘာလအတွင်း တစ်ရက်ကို အိတ် ၄ဝ၊ ၅ဝသာအရောင်းအဝယ်ဖြစ်ခဲ့ကြသော်လည်း အောက်တိုဘာ ပထမပတ်အတွင်း အိတ် ၁ဝဝ ခန့်အထိ အရောင်းသွက်ခဲ့ကြပါတယ်။ဈေးနှုန်းအနေဖြင့် တစ်တင်းကို ၂၆ဝဝဝ ကျပ်ဖြစ်ခဲ့ပြီး ယခုအောက်တိုဘာ ဒုတိယပတ်မှာတော့ ငွေပေါ်လိုလို့ ထုတ်ရောင်းချသူများရှိလာတာကြောင့် ယခင်အပတ်ကထက် တစ်တင်း ၅ဝဝ ကျပ်ခန့် ဈေးကျခဲ့ပြီး တစ်တင်း ၂၅၅ဝ ကျပ်ဈေးဖြစ်ခဲ့ပါတယ်။အရောင်းအဝယ်ဖြစ်မှုကတော့ ပျမ်းမျှ တစ်ရက်ကို ၂၅ အိတ် ၊ ၃ဝ အိတ်ဖြစ်ခဲ့ကြပြီး လက်ကားသမားများ အဝယ်ရှိတဲ့ရက် ဆိုပါက တစ်ရက်ကို အိတ် ၁ဝဝ ကျော်အထိ အရောင်းသွက်လျက်ရှိတယ်လို့ သိရပါတယ်။                 ခင်ဆွေဝင်း