ရွှေဈေးတက်သလို ငွေဈေးကလည်း မှတ်တမ်းဝင် ရွှေဈေးက နယူးယောက်ဈေးကွက် မှာ တစ်အောင်စကို ကန်ဒေါ်လာ ၁၃၅ဝ စွန်းစွန်းကနေ ၁၃၈ဝ ဒေါ်လာနဲ့ ဈေးတည့် အရောင်းအဝယ်ပြုနေချိန်မှာ ငွေသတ္တုဒြပ်စင်ဈေးကလည်း နှစ် ၃ဝ တာကာလအတွင်း အံ့သြလောက်ဖွယ် ဒေါ်လာငွေကြေး အား နည်းမှုတွေ ကြောင့် မှတ်တမ်းဝင်ဈေးဖြစ်ခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က မဲလဘုန်း ဈေးကွက်မှာ ၁၃၆၄ဒသမ ၇၇ ဒေါ်လာ ကိုချဉ်းကပ်ခဲ့စဉ်က ရွှေဈေးတစ်အောင် စကို ၂၃ ဒသမ ၆၃၂၅ နဲ့ ၁ ဒသမ ၆ ရာခိုင်နှုန်း ဈေးမြင့်ခဲ့ပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့သတင်းများအရ တစ်အောင်စကို ကန်ဒေါ်လာ ၁၃၈၁ ဒေါ်လာထိ ရောက်ရှိခဲ့ ပြီး ငွေဈေးက တော့ ၁၉၈ဝခုနှစ်နောက်ပိုင်း အမြင့်ဆုံး ဈေးအဖြစ် ၂၄ ဒသမ ၇၅ ဈေးအထိ ရောက်ရှိခဲ့ ပါတယ်။ အမေရိကန်ဒေါ်လာ အပေါ် ယုံကြည်မှု လျော့နည်းလာခြင်း ကြောင့်ဖြစ်ကြောင်း ဆစ်ဒနီ ရင်းနှီးမြုပ် နံှမှုဘဏ်မှ အကြီးအကဲ Heathcote က ပြောပါတယ်။ အကြမ်းဖျင်းအားဖြင့် ရွှေနဲ့ငွေ ဈေးက ဒီနှစ်မှာ အမြင့်ဆုံးဖြစ်ခဲ့တာမို့ လာမဲ့နှစ်မှာလည်း အနိမ့်ဆုံးအဆင့် ၁၅ ရာခိုင်နှုန်း ကျော်ကျော် ပိုမိုဈေးမြင့်လာ နိုင်ကြောင်း ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်။ ရွှေအဓိက ဝယ်ယူတင်သွင်း လျက်ရှိတဲ့ အိန္ဒိယရဲ့ စက်တင်ဘာလ အတွင်း ရွှေဝယ်ယူတင်သွင်းမှုက ၃ဝ ရာခိုင်နှုန်းတိုးကာ ၃၄ ဒသမ ၈ တန် ဝယ်ယူခဲ့ပါတယ်။ သြဂုတ်လ အဝယ်က ၂၆ ဒသမ ၈ တန်သာဝယ်ခဲ့တာမို့ စက်တင်ဘာလမှာ ဈေးမြင့်နေပေမဲ့လည်း အဝယ်တိုးခဲ့ပါတယ်။ ''ပွဲတော်ကာလဖြစ်တယ်။ ဒေသစုံက အဝယ်တက် တယ်။ယခင်နှစ်အလားတူ စက်တင်ဘာ လနဲ့ယှဉ်ရင်တော့ အဝယ်နည်းပေမဲ့ သြဂုတ်လ အဝင်ထက်တော့ အဝယ်ပိုခဲ့ တယ်။ အောက်တိုဘာလမှာလဲ ဆက် လက် ဝယ်လိုအားတက်ဦးမယ်လို့ ထင် တယ်'' လို့ ဘုံဘေရွှေအသင်းမှ ကုန် သည် ှSuresh Hundia က ပြောပါ တယ်။ှ Source:commodityonline.com WWN
Background