Main menu

Background

နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာတန်ချိန် ၁ဝဝဝဝ ကျော်တင်သွင်း

Mon, 10/18/2010 - 10:48 -- Anonymous (not verified)

 နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာတန်ချိန် ၁ဝဝဝဝ ကျော်တင်သွင်း      အောက်တိုဘာလ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ ၁ဝ၃၁၇တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၁၄၇ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၅ ရက်ထိကာလ အတွင်းမှာ ၇၃၉၉ တန် တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၂၉ဝဝ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ကော့သောင်းနယ်စပ်စခန်းမှ တင်သွင်းမှုမရှိသလို တာချီလိတ်နဲ့ ရိဒ်နယ်စပ်စခန်းများမှ တင်သွင်းမှု လျော့ နည်းခဲ့ သော်လည်း မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၃၉ဝဝ ကျော် ပိုမိုတင် သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်က အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယားနဲ့ ကွန်ပေါင်း(၁ဝး၁ဝး၅) တို့ ဖြဖစ်ပြီး နှစ်မျိုးပေါင်း ၈၁၅၃ တန်ရှိပါတယ်။ နယ်စပ်စခန်းအလိုက် ယခုအပတ်မှာ ဓာတ်မြေသြဇာတင်သွင်းမှုများကတော့ မူဆယ်မှ ၁ဝ၁၉၁တန်၊ တာချီလိတ်မှ ၂ဝ တန်၊ရိဒ်မှ ၁ဝ၆ တန်အသီးသီးဖြစ်ပါတယ်။ ဧပြီလမှစက်တင်ဘာလကုန်ထိ ဓာတ်မြေသြဇာ တန်ချိန် ၃၇၃၅၈ဝ ကျော် နယ်စပ် စခန်းများမှ တင်သွင်းထားပြီးဖြစ်ပါတယ်။                                                                                                                                    MIRT (DOBT)