Main menu

Background

စက်တင်ဘာကစပြီး ပင်လယ်ရေကြောင်း အသွင်းပို

Mon, 10/18/2010 - 10:52 -- Anonymous (not verified)

စက်တင်ဘာကစပြီး ပင်လယ်ရေကြောင်း အသွင်းပို     ပြီးခဲ့တဲ့သီတင်းပတ် အောက်တိုဘာ ပထမရက်သတ္တပတ်မှာ ပင်လယ်ရေ ကြောင်းက အဝင်တန်ချိန် ၄၇ဝဝဝ လောက် အဝင်ပိုခဲ့တာကြောင့် ယခုရက်သတ္တ ပတ်မှာ တန်ချိန် ၇၆၇ဝ သာ ရေကြောင်းကနေသွင်းခဲ့တာ တွေ့ရပါတယ်။ ဆင်တံ ဆိပ်နဲ့ စိန်တံဆိပ်ဘိလပ်မြေများ ဝင်လာတာဖြစ်ပြီး ထိုင်းနိုင်ငံဘက်က တန်ချိန် ၇၄ဝဝ နဲ့ ပါကစ္စတန်ဘက်ကတန်ချိန် ၂၇ဝ ဝင်လာပါတယ်။ ပြည်တွင်းသွင်းဈေး ကတော့ တစ်တန်ကို စီအိုင်အက်ဖ် ၈၅ ဒေါ်လာဖြစ်ကြောင်း သိရပါတယ်။ သြဂုတ်လမှာ မိုးပိုတာကြောင့် အသွင်းနှေးသွားခဲ့ရာကနေ စက်တင်ဘာလမှာ ၆၄ဝဝဝ ကျော်နဲ့ တဖြည်းဖြည်းပြန်လည် အသွင်းအင်အား ကောင်းခဲ့သလို ဒေသ တွင်းသုံးစွဲသူတွေရဲ့ ဝယ်လက်တွေလည်း နည်းနည်းပြန်တက်လာတယ်လို့ သိရပါ တယ်။ MIRT (DOT)