Main menu

Background

ကုန်သွယ်မှုဆိုင်ရာ ဗီဇာထောက်ခံချက် (Visa Recommendation) လျှောက်ထားမှုကို မတ် ၁ ရက်မှစ၍ Online တွင်သာ လျှောက်ထားကြရမည်

Fri, 03/13/2020 - 13:45 -- journal_editor

        မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန(MITC)သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကိုယ်စား၊   ကုန်သွယ်မှုလုပ်ငန်းနှင့်သက်ဆိုင်သော မြန်မာကုမ္ပဏီ၊ ဖက်စပ်ကုမ္ပဏီနှင့် နိုင်ငံခြားသားပိုင် ကုမ္ပဏီ များတွင်  တာဝန်ထမ်းဆောင်နေကြသော နိုင်ငံခြားသားဝန်ထမ်းများ၊ ပညာရှင်များနှင့်   အကြံပေးများအတွက် စီးပွားရေးဗီဇာသက်တမ်းတိုး လျှောက်ထားမှုများအတွက် လိုအပ်သော ထောက်ခံချက်များ ထုတ်ပေးခြင်းကို တာဝန်ယူဆောင်ရွက်ပေး လျက်ရှိသည်။

       မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန (MITC) သည် စီးပွားရေးဗီဇာသက်တမ်းတိုးအတွက် ထောက်ခံချက် လျှောက်ထားမှု ကို Online မှ စတင်လျှောက်ထားနိုင်ကြောင်းကို  ၂၀၂၀ ပြည့််နှစ် ဇန်နဝါရီ ၂၁ ရက်တွင် စတင်ကြေညာခဲ့ပြီး မူလလျှောက်ထားသည့် ပုံစံနှင့် Online မှ  လျှောက်ထားမှုနှစ်မျိုးလုံးကို စမ်းသပ်ကာလအဖြစ် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ MITC  အနေဖြင့် Online တွင် ထောက်ခံချက် လျှောက်ထားမှုများကို စမ်းသပ်ကာလတွင် အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့ပြီဖြစ်သောကြောင့် ၂၀၂၀ ပြည့်နှစ် မတ် ၁ ရက်မှစ၍ Online  တွင် လျှောက်ထားမှုကိုသာ လက်ခံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက MITC ဖုန်း- ဝ၁-၃၈၅၃၂၃ သို့ အသေးစိတ် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

 

MITC News