Main menu

Background

နယ်စပ်ကလည်း အသွင်းပို

Mon, 10/18/2010 - 10:52 -- Anonymous (not verified)

နယ်စပ်ကလည်း အသွင်းပို    အောက်တိုဘာလ ၆ ရက်မှ ၁၂ရက်ထိကာလ နယ်စပ်စခန်းများမှ ဘိလပ်မြေ ၈၂၇၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၈၇၅ သန်းဖိုး တင်သွင်းခဲ့ပါ တယ်။ ယခင်အပတ်ကထက် တန်ချိန် ၃၁ဝဝ ကျော် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ မူဆယ်၊ လွယ်ဂျယ်၊ မြိတ်စခန်းများမှ ယခုအပတ်မှာ တင်သွင်းမှုလျော့နည်းပြီး မောင်တောနဲ့ ကော့သောင်းစခန်းများမှ တင်သွင်းမှု မရှိခဲ့သော်လည်း ကန်ပိုက်တီး စခန်းမှ တန်ချိန် ၅၄ဝဝ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ မူဆယ် ၂၂၁ တန်၊ ကန်ပိုက်တီး ၅၄၉ဝ တန်၊ တာချီလိတ် ၁၅၉ဝ တန်၊ လွယ်ဂျယ်မှ တန် ၇ဝဝ နဲ့ မြိတ်မှ ၂၇၅ တန်ဖြစ်ပါတယ်။MIRT (DOBT)