Main menu

Background

ပဲပုပ်ဆီနဲ့ရေနံ ကြိုပွိုင့်ဈေးများခိုင်မာခြင်းကြောင့် စားအုန်းဆီကြမ်း ဈေးမြင့်လာ

Mon, 10/18/2010 - 11:00 -- Anonymous (not verified)

 ပဲပုပ်ဆီနဲ့ရေနံ ကြိုပွိုင့်ဈေးများခိုင်မာခြင်းကြောင့် စားအုန်းဆီကြမ်း ဈေးမြင့်လာ      ပဲပုပ်ဆီနဲ့ ရေနံကြိုပွိုင့်ဈေး ခိုင်မာခြင်းကြောင့် အောက်တိုဘာလ ၁၃ ရက် က မလေးရှားစားအုန်းဆီ ကြိုပွိုင်ဈေး မြင့်တက်ခဲ့ တယ်လို့သိရပါတယ်။ မလေးရှား ကုန်စည်ဒိုင်မှာ ဒီဇင်ဘာစာချုပ်အခြေခံဈေးဟာ တစ်တန်ကို ရင်းဂစ် ၃ဝ (ကန် ဒေါ်လာ ၉ ဒသမ ၇၃) မြင့်တက်ပြီး ရင်းဂစ် ၂၉၃ဝ (ကန်ဒေါ်လာ ၉၅ဝ) ဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။        မလေးရှားလက်ငင်းဈေးကွက်မှာ ဒီဇင်ဘာလအတွက် စားအုန်းဆီခဲတစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လအတွက်ဈေးမှာလည်း တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ နဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့အတွက် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၉၈ဝ-၉၈၅၊ ဧပြီ၊ မေ၊ ဇွန်လအတွက် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၉၉ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ မလေးရှား စားအုန်းဆီထွက်ရှိမှု ကတော့ စက်တင်ဘာလမှာ တန်ချိန် ၁ ဒသမ ၅၆ သန်းရှိရာမှ အောက်တိုဘာလ မှာ ၅ ရာခိုင်နှုန်း၊ ၂ဝ ရာခိုင်နှုန်းအထိ တိုးတက်နိုင် တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။      အချို့ဝယ်လက်များဟာ ယခုလမှာရောင်းချမှု မြင့်တက်နိုင်တဲ့ မျှော်လင့် ချက်များအရ မကြာခင်ဈေးနှုန်း ကျဆင်းမယ်လို့ ခန့်မှန်းနေကြတယ်လို့သိရပါတယ်။ အကယ်လို့သာ ထုတ်လုပ်မှုလျော့ကျမယ်ဆိုရင် စားအုန်းဆီ ကြိုပွိုင့်ဈေးဟာ တစ်တန်ကို ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉ဒသမ၇၃ )ထိ မြင့်တက်လာနိုင်တယ် လို့ ကွာလာလမ်ပူ အခြေစိုက် လေ့လာသူများက ဆိုပါတယ်။     ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ တစ်ပေါင်ကို ၄၇ ဒသမ ၃၂ ဆင့် (တစ်တန်ကိုကန်ဒေါ်လာ ၁ဝ၄၃) ရှိခဲ့ပြီး၊ နိုဝင်ဘာလအတွက် ရေနံဈေးဟာ တစ်စည်ကိုကန်ဒေါ်လာ ၁ ဒသမ ဝ၅ မြင့်တက်ပြီး၊ ကန်ဒေါ်လာ ၈၂ ဒသမ ၇၂ ဖြစ်ခဲ့တယ် လို့သိရပါတယ်။ မလေးရှား ၤဥြ ဈေးလက်ငင်း တင်ပို့ရမယ့် စားအုန်းဆီ ကြမ်းဈေးဟာလည်း ရင်းဂစ် ၃ဝ (ကန်ဒေါ်လာ ၉ဒသမ၇၃) မြင့်တက်ပြီး၊ တစ်တန်ကို ရင်းဂစ် ၂၉၄ဝ (ကန်ဒေါ်လာ ၉၅၄ ) ဖြစ်ခဲ့တယ်လို့သိရပါတယ်။ယုဇန၊ ှSource: palmoilhq.com