Main menu

Background

ဇွန်လစတုတ္ထပတ်တွင် ကယားပြည်နယ်ရှိ ပြောင်းတင်ပို့မှု

Thu, 07/09/2020 - 15:10 -- journal_editor

ကယားပြည်နယ်သည် မြန်မာနိုင်ငံ ၏ အရှေ့ဘက်တွင်တည်ရှိပြီး မြေဆီ မြေသြဇာ   ကောင်းမွန်သောကြောင့် လယ်ယာစိုက်ပျိုးရေးကိုသာ အဓိက လုပ်ကိုင်ကြသည်။ ကယားပြည်နယ် တွင်  အများဆုံး  စိုက်ပျိုးသောသီးနှံ ငါးမျိုးခန့်သာရှိရာယင်းတို့မှာ ဆန်စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲစင်းငုံ တို့ ဖြစ်သည်။ 
ကယားပြည်နယ်   စားသုံးသူ ရေးရာဦးစီးဌာနသည်    စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက် ရှိပြီး ပြည်နယ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ လုပ်ငန်းများကို လည်း ဖော်ဆောင်လျက်ရှိသည်။ လယ် ယာထွက်ကုန်ပစ္စည်းများ ခိုင်မာသည့် ဈေးကွက် ရရှိစေရေး၊ ပြည်ပပို့ကုန် တိုးတက်စေရေး၊ လူမှုဘဝ စဉ်ဆက် မပြတ် တိုးတက်စေရေးကိုလည်း ဆောင် ရွက်လျက်ရှိသည်။ 
ပြည်နယ်အတွင်း ၂၀၂၀ပြည့်နှစ် ဇွန်လကုန်တွင် အစေ့ထုတ်ပြောင်းစိုက် ဧက ၆၀၉၀၅ စိုက်ပျိုးလျက်ရှိပြီး ဇွန်လ စတုတ္ထပတ်တွင် ပြောင်းသီးနှံကို မန္တလေး မြို့သို့ အများဆုံးတင်ပို့ခဲ့ရာ ပြောင်းဈေး နှုန်းတစ်ပိဿာ ကျပ် ၅၂၀ ပြောင်းလက် ကျန်စုစုပေါင်းပျှမ်းမျှ ၄၀၃ တန်ခန့် ကျန် ရှိကြောင်း မြို့အဝင်အထွက် ဂိတ်စာရင်း အရ သိရှိရသည်။  
 ငြိမ်းဝေ (ကယား)