Main menu

Background

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများသည် နေအိမ်မှ အလုပ်လုပ်နေကြသည့် ဝန်ထမ်းများအတွက် telework allowances များ ပံ့ပိုးပေးရန် ပြင်ဆင်နေ

Fri, 09/18/2020 - 15:33 -- journal_editor

ဂျပန်နိုင်ငံရှိ ကုမ္ပဏီအများစုသည် ကိုရိုနာကပ်ရောဂါပြန့်ပွားနေချိန်အတွင်း နေအိမ်များမှ အင်တာနက်အသုံးပြုကာ အလုပ်လုပ်နေကြရသည့် ၎င်းတို့၏ ဝန်ထမ်းများကို အင်တာနက် အဖိုးအခ၊ အိုင်တီပစ္စည်းများ သုံးစွဲခ စသည့်ကုန်ကျစရိတ်များအတွက် telework allowances အဖြစ် ပံ့ပိုးပေးနေကြောင်း သိရသည်။

          အဆိုပါကုမ္ပဏီများအနေဖြင့် ယခင်က ဝန်ထမ်းများကို ပံ့ပိုးပေးရသည့် သယ်ယူပို့ဆောင် ရေးထောက်ပံ့ငွေ အစား ကိုရိုနာကပ်ရောဂါပြန့်ပွားနေချိန် နေအိမ်မှ အလုပ်လုပ်နေရသည့် ဝန်ထမ်းများ teleworking ကုန်ကျစရိတ်များအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် ပံ့ပိုးငွေအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်သည်။

          သို့သော်လည်း နေအိမ်မှ အလုပ်လုပ်နေသူ ဝန်ထမ်းများနှင့် မဖြစ်မနေ လုပ်ငန်းခွင်သို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်ကြရသည့် ဝန်ထမ်းများအကြား ထိုသို့ ထောက်ပံ့ကြေး ပေးခြင်းသည် မညီမျှမှုကို ဖြစ်ပေါ်စေနိုင်သည်ဟုလည်း စိုးရိမ်နေကြသူများ ရှိနေကြသည်။

          တိုကျိုအခြေစိုက် ရုံးခန်းနေရာအငှားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သည့် Wooc ကုမ္ပဏီ က နေအိမ်မှ telework ဆောင်ရွက်သူ ဝန်ထမ်းအရေအတွက် ၄၅၁ ဦးအား အလွတ်သဘော စစ်တမ်းကောက်ယူရာတွင် ၄၁ ရာခိုင်နှုန်းက အလုပ်နှင့်လိုက်လျောညီထွေရှိသည့် စားပွဲ၊ ကုလားထိုင်စသည့် ပရိဘောဂများ မရှိပါကြောင်း၊ ၂၀ ရာခိုင်နှုန်း ကမူ နေအိမ်မှ အလုပ်လုပ်ရာတွင် အင်တာနက် လိုင်းမကောင်းခြင်းကို တွေကြုံရပါကြောင်း ဖြေကြားခဲ့သည်။

          Honda Motor Co. က နေအိမ်မှ လုပ်ငန်းဆောင်ရွက်သူ ဝန်ထမ်းများကို တစ်နေ့လျှင် telework allowance အဖြစ် ယန်း ၂၅၀ နှုန်း ဖြင့် အောက်တိုဘာလမှစတင်ကာ  ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 ၆။     အလားတူပင် Kirin Holdings Co. က အနည်းဆုံး တစ်ပတ်လျှင် ၃ ရက်ခန့် နေအိမ်မှ အလုပ်လုပ်ကြသူ ဝန်ထမ်းများအား တစ်လလျှင် ယန်း ၃၀၀၀ နှုန်းဖြင့် အချိန်ပိုင်း ဝန်ထမ်းများ အပါအဝင် ဝန်ထမ်း ဦးရေ ၄၀၀၀ ခန့်ကို ပံ့ပိုးပေးမည်ပြီး အောက်တိုဘာလမှ စတင်ပံ့ပိုးသွားရန် ပြင်ဆင်နေကြောင်းသိရသည်။ ဝန်ထမ်းများသည် ထိုပံ့ပိုးငွေကို အသုံးချကာ ၎င်းတို့၏ လုပ်ငန်းခွင် အဆင်ပြေမှုကို ဖန်တီးနိုင်ပြီး ရလဒ်ကောင်းများ ဖြစ်ပေါ်လာရန် မျှော်လင့်ပါကြောင်း ဟု Kirin Holdings Co. မှ တာဝန်ရှိသူက ဆိုသည်။ 

          Fujitsu Ltd. နှင့် SoftBank Corp. တို့သည်လည်း အလားတူ telework allowance များ ပံ့ပိုးပေးသွားမည်ဟု သိရသည်။ Zurich Insurance Co., သည် ၎င်း၏ call center ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်သူ ဝန်ထမ်းများနှင့် ကွန်ပျူတာအသုံးပြု၍ လုပ်ငန်းဆောင်ရွက်ရသူ ဝန်ထမ်း များကို ထောက်ပံ့ငွေများ ပေးအပ်ရန် ပြင်ဆင်နေသည်။

          တချိန်တည်းမှာပင် ကုန်ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်သူဝန်ထမ်းများမှာမူ နေအိမ်မှ လုပ်ငန်းဆောင်ရွက်ရန် မဖြစ်နိုင်သဖြင့် Honda Motor Co. က စက်ရုံတွင် လုပ်ကိုင်နေရသည့် ဝန်ထမ်းများကို (စီမံခန့်ခွဲရေးအဆင့်ဝန်ထမ်းများမပါ) အဆိုပါ ပံ့ပိုးငွေအစီအစဉ်မှ ဖယ်ထုတ်မည် ဖြစ်ပါသည့် သုတေသနစင်တာများတွင် လုပ်ကိုင်နေကြသည့် ထို့အပြင် ဝန်ထမ်းများ သည်လည်း telework allowance အစီအစဉ်တွင် အကျုံးမဝင်ကြောင်း သိရသည်။

          Mizuho Research Institute Ltd., ၏ သတင်းအချက်အလက်များအရ ဝန်ထမ်းများ အားလုံး၏ ၃၀ ရာခိုင်နှုန်း ခန့်ကိုသာနေအိမ်မှ လုပ်ငန်းဆောင်ရွက်စေပါကြောင်း၊ လုပ်ငန်းအဆင့်အတန်း အလိုက် ပံ့ပိုးငွေပေးရာတွင် ကွာခြားမှုများ ရှိနိုင်ပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် teleworking  ကို ချဲ့ထွင်နိုင်ရန် ဝန်ထမ်းများ၏ လုပ်ငန်း တာဝန်အနေအထားအပေါ် သုံးသပ်ရန် လိုအပ်ပါ ကြောင်း ဟု အဆိုပါသုတေသနစင်တာ၏ အကြီးတန်းစီးပွားရေး ပညာရှင် Shinya Kotera က ပြောကြားခဲ့သည်။