ပဲစင်းငုံဈေးနှုန်းကျလာ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ပဲအလွယ်တကူ ရရှိနေခြင်းနဲ့ခွဲစက်များက ဝယ်လိုအားနည်းခြင်းတို့ကြောင့် ဒီတစ်ပတ် ပဲစင်းငုံဈေးနှုန်း ကျဆင်းလာပါတယ်။ ဒါ့အပြင် လက်ရှိမိုးရာသီ ပဲအထွက်မြင့်တက်မယ့် မျှော်လင့်ချက်များကြောင့် ဈေးကွက်တွေမှာ ပဲရောင်းအားများနေပါတယ်။ ပဲစင်းငုံစိုက်ပိုျးတဲ့ဒေသတွေမှာ ရာသီဥတုအခြေအနေပေးခြင်းက သီးနံှများအတွက် တိုးတက်မှုရှိနေတယ် လို့ သိရပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့စာရင်းအရ အင်ဒရာပရာဒေ့ရှ်မှာ ပဲစင်းငုံစိုက်ဟက်တာ ၆ ဒသမ ၄ဝ သိန်းရှိလို့ ယခင်နှစ် စိုက်ဟက်တာ ၄ ဒသမ ၃၉ သိန်းထက် ဟက်တာ ၂ သိန်းကျော် ပိုမိုနေပါတယ်။ ကာလတို အတွင်း ပဲစင်းငုံဈေးနှုန်း လျော့ကျဖွယ်ရှိ တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ် ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၇ .၁ဝ .၁ဝ ၆ .၁ဝ .၁ဝ ၅ .၁ဝ .၁ဝ ၄ .၁ဝ .၁ဝမွန်ဘိုင်း (မြန်မာပဲစင်းငုံ) ၇၄၂ ၇၅၄ ၇၇၃ ၇၇၇ဒေလီ (မြန်မာပဲစင်းငုံ) ၇၅၃ ၇၆ဝ ၇၇၉ ၇၈၉ချန်နိုင်း( မြန်မာပဲစင်းငုံ) ၇၉၈ ၇၉၃ ၈ဝ၁ ၈ဝဝ
Background