Main menu

Background

ဘင်္ဂလားဒေ့ရှ်မှာ စားနပ်ရိက္ခာပြတ်လပ်မှာ ပူပန်စရာမလိုဟုဆို

Tue, 10/19/2010 - 04:04 -- Anonymous (not verified)

ဘင်္ဂလားဒေ့ရှ်မှာ စားနပ်ရိက္ခာပြတ်လပ်မှာ ပူပန်စရာမလိုဟုဆို    ဘင်္ဂလားဒေ့ရှ်အစိုးရလက်ထဲမှာ ယခုဆန်တန်ချိန် ၆ သောင်းနဲ့ ဂံျု တန် ချိန် ၈ သောင်းရှိနေပြီး စစ်တကောင်းဆိပ်ကမ်းမှာ ဂံျုတန်ချိန် ၄၅ဝဝဝ တင်ဆောင်လာတဲ့ သင်္ဘောလည်းဆိုက်ရောက်နေပြီဖြစ်ကြောင်းနဲ့ ဆန်တန်ချိန် ၁ဝ သိန်းနဲ့ ဂံျုတန်ချိန် ၂ သိန်းတင်သွင်းရန် စီမံနေပြီဖြစ်တဲ့အတွက် စားနပ်ရိက္ခာ ပြတ်လပ်မှာ စိုးရိမ်ပူပန်စရာမရှိကြောင်း ဘင်္ဂလားဒေ့ရှ်နေ့စဉ်ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။      ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွန်ခဲ့တဲ့တစ်လအတွင်း ဆန်ဈေးမြင့်တက်လျက် ရှိပါတယ်။ လောလောဆယ်ဆယ် ရာကျော်ဆန်ဈေး ဟာ ဒက္ကားဈေးမှာ တစ်ကီလို ကို ၃၂ တာကာနဲ့ရောင်းတဲ့ဆန်ဟာ ယခင်က ၂၁ တာကာဈေး ရှိခဲ့ပြီး ဆန်လုံး သေးမျိုးဟာ ၃၈ တာကာဈေးရှိကာ ယခင်က ၂၄-၂၅ တာကာသာ ရှိခဲ့တယ်လို့ သိရပါတယ်။     ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေး လုပ်ငန်းကော်ပိုရေးရှင်းသတင်းအရ အိန္ဒိယ နဲ့ မြန်မာနိုင်ငံတို့မှ ဆန်တင်သွင်းမယ်ဆိုလျှင် သယ်ယူပို့ဆောင်စရိတ် အပါအဝင် တစ်ကီလိုဂရမ်ကို ၂၇ တာကာလောက်သာကျပြီး ဒက္ကားမြို့ လက်ကားဈေးဆိုင် များမှာ အနိမ့်ဆုံးဆန်ဈေးဟာ ၃၂ တာကာနဲ့ ရောင်းချလျက် ရှိပါတယ်။ှ                                                                                                Source: ပရောထောင်းအာလော၊                                                                                                          သိန်းထွန်းဦး