Main menu

Background

အအေးပိုမဲ့ဒီနှစ်ဆောင်းရာသီမှာ လောင်စာဆီဈေးမြင့်တက်ဖွယ်ရှိ

Tue, 10/19/2010 - 04:03 -- Anonymous (not verified)

အအေးပိုမဲ့ဒီနှစ်ဆောင်းရာသီမှာ လောင်စာဆီဈေးမြင့်တက်ဖွယ်ရှိ         ဒီနှစ်ဆောင်းရာသီမှာ အအေးပိုမယ်လို့ ခန့်မှန်းချက်များအရ လောင် စာဆီဈေးနှုန်းမှာ တစ်ပေပါကို ၈၃ ဒေါ်လာအထိ မြင့်တက်လာဖွယ် ရှိပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ထိန်းသိမ်းမှုအရ အချိန်ကာလတစ်ခုထိသာ လောင်စာဆီဈေး မြင့်တက်လာ ဖွယ်ရှိတယ်လို့ ထိုင်းနိုင်ငံ၊ ထိုင်းအာဆီယံ သတင်းကွန်ရက်ဌာနက ထုတ်ပြန်ထား ပါတယ်။ ဥရောပခြောက်နိုင်ငံရဲ့ ငွေကြေးဂယက် ရိုက်ခတ်မှုကြောင့် အခုချိန်မှာ လောင်စာဆီဈေးနှုန်းမြင့်တက် ရခြင်းဖြစ်ပြီး ကမ္ဘာ့လောင်စာဆီဈေးနှုန်း တစ်ပေပါကို ဒေါ်လာ ၇ဝ မှ ၈ဝ ကြားရှိနေပြီး ထိုင်းနိုင်ငံအတွင်းမှာ တစ်လီတာကို ဘတ် ၄ဝ မှ ၄၂ ထိသာရှိနိုင်မှာဖြစ်ကြောင်း၊ ဒါဟာ ထိုင်းဘတ်ငွေ ခိုင်မာမှု ရှိနေတဲ့အတွက် လောင်စာဆီဈေးကို ထိန်းထားနိုင်ခြင်းဖြစ်တယ်လို့ ီDepartment of Alternative Energy Devolopment and Effciency  ရဲ့ ဒုတိယအထွေထွေ ဒါရိုက်တာ Thawarut Sutabut  က ပြောကြားပါတယ်။ PTT ကုမ္ပဏီကြီး က Sarut Rang Kaisirt  ကတော့ ဒီနှစ်ကုန်မှာ ထိုင်းနိုင်ငံအတွင်း လောင်စာဆီဈေးနှုန်းဟာ တစ်လီတာကို ၁ ဒသမ ၅ ဘတ်ခန့်သာ မြင့်တက်နိုင်ပြီး ကမ္ဘာ့လောင်စာဈေးအနေနဲ့တော့ တစ်ပေပါကို အမေရိကန် ၃ဒေါ်လာ မှ ၅ ဒေါ်လာ အထိ မြင့်တက်လာနိုင်တယ်လို့ သတင်းမှ ဖော်ပြထားပါတယ်။                                                                        ကျော်စိုးဝင်း၊Source:THIA- ASEAN NEWS NETWORK