Main menu

Background

တီးတိန်-ရိဒ် ကားလမ်းအား ရာသီမရွေးသွားလာနိုင်အောင် မကြာမီပြုပြင်တော့မည်

Tue, 10/19/2010 - 04:28 -- Anonymous (not verified)

တီးတိန်-ရိဒ် ကားလမ်းအား ရာသီမရွေးသွားလာနိုင်အောင် မကြာမီပြုပြင်တော့မည်            မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှာ လစဉ် ကျင်းပပြုလုပ်တဲ့ နယ်စပ်ကုန်သွယ် မှု မြှင့်တင်ရေး အစည်းအဝေးမှာ တာဝန်ရှိသူ တစ် ဦးက တီးတိန်-ရိဒ်ကားလမ်းအား ရာသီမရွေး သွားလာနိုင်အောင် မကြာမီ ပြုပြင်တော့မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။         ကုန်သွယ်မှုတိုးမြှင့်ရေးမှာ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်လွယ်ကူဖို့လည်း လိုအပ်ပါတယ်၊ တီးတိန်- ရိဒ် ကားလမ်းမှာ မိုး တွင်းကာလအတွင်း ဇူလိုင်လမှစပြီး စက်တင်ဘာလ နှောင်းပိုင်းထိ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် မကြာခဏ မြေပြိုလမ်းပိတ်ဆို့မှုများ၊ အချို့မြေသား လမ်းပိုင်း များမှာ ရွံှ့နွံှ့များဖြစ်ပြီး ကားများခက်ခဲစွာ သွားလာနေရခြင်း ကြောင့် မြင်း၊ လားများနဲ့သယ်ယူမှုများကို ပြုလုပ်နေ ကြရတာဖြစ်ပါတယ်။ အဲလို ကြမ်းတမ်းခက်ထန်တဲ့လမ်းကြောင်းကို ဖြတ်သန်းမောင်းနှင်လာပြီး ဟိုင်မွှာလ်ရွာဟောင်းနဲ့ ရွာသစ် ကြားမှာ ဂျစ်ကားများ ၃-၄ ရက်မှ ၇ ရက်ခန့်ကြာအောင် ချို့ယွင်းမှု များနဲ့ရင်ဆိုင်နေရကြောင်း၊ အင်ဂျင်ကွဲခြင်း၊ ရှပ်ကျိုးခြင်း၊ ဂီယာအုံကွဲခြင်းများ ဖြစ်တဲ့အခါ ကလေးအထိ အပိုပစ္စည်း ပြန်မှာနေရ တာကြောင့် အချိန်ကြာမြင့်စွာ နှောင့်နှေးနေခဲ့ရကြောင်း၊ ဒါတွေကြောင့် ရာသီမရွေးသွား လာနိုင်လို့ရအောင် လမ်းပြင်ဆင် မွမ်းမံမှုများကို လုပ်ဆောင်ပေးရန် ရိဒ်နယ်စပ်ကုန်သည်များက ကုန်သွယ်မှုမြှင့်တင် ရေးအစည်းအဝေးမှာ တင်ပြခဲ့ကြရာ ရိဒ်ခေါဒါရ်မြို့နယ်ခွဲမှ တာဝန်ရှိသူက လမ်းပြင်ဆင်ခွင့် ရရှိထားပြီးဖြစ်လို့ မကြာမီ ပြင်ဆင်သွားတော့မှာ ဖြစ်ကြောင်း ကုန်သည်များကို ပြန်လည် ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။        ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ပဲမျိုးစုံ၊ အိန္ဒိယဈေးကွက်သို့တင်ပို့နိုင်ရေး၊ အမယ်သစ်ပို့ကုန် ပျားရည် တင်ပို့နိုင် ရေး၊ အေးခဲငါး၊ အမဲသားများတင်ပို့နိုင်ရေးနဲ့သွင်းကုန် ဆိတ်သားရေ၊ ချည်နဲ့ဆံပင်များ တင်သွင်းနိုင်ရေးတို့ကို ဆောင်ရွက် နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ ှ                                                                                                     Source: နကသ(ရိဒ်)၊MIRT (DOBT)