Main menu

Background

အင်ဖာနဲ့အိန္ဒိယပြည်မကြီးဆက်သွယ်သော အဝေးပြေးလမ်းမပိုင်းအချို့မှာ မြေပြိုတောင်ပြိုမှုများ ဖြစ်ပွား

Tue, 10/19/2010 - 04:23 -- Anonymous (not verified)

 အင်ဖာနဲ့အိန္ဒိယပြည်မကြီးဆက်သွယ်သော အဝေးပြေးလမ်းမပိုင်းအချို့မှာ မြေပြိုတောင်ပြိုမှုများ ဖြစ်ပွား     အိန္ဒိယနိုင်ငံ နာဂလင်းနဲ့ မဏိပူရပြည်နယ်ကိုဆက်သွယ်ထားတဲ့အမှတ် ၃၉ အမျိုးသားအဝေးပြေး ကားလမ်းမကြီးပေါ်ရှိ ဒီမားပူးနဲ့ အင်ဖာမြို့အကြားမိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တိုဘီယိုကျေးရွာ၊ ခေါင်နင် ကျေးရွာ၊ ကာရောင်းမြို့ဝန်းကျင်တို့မှာ မြေပြိုမှုနဲ့ တောင်ပြိုမှုများဖြစ်ခဲ့ပါတယ်။ အကြီးစားတစ်ခုနဲ့သာမန်ပြိုကျ မှုလေးခုထက်မနည်း ဖြစ်ပွားခဲ့တဲ့အတွက် လမ်းကြောင်းရှင်းလင်းပြုပြင်မှုများကို ဆောင်ရွက်ပေးနေသော်လည်း ကုန်တင်ယာဉ်နဲ့ခရီးသည်တင်ယာဉ် ပြေးဆွဲမှုများ ကို တစ်နေ့တာယာယီရပ်ဆိုင်းထားရတယ်လို့ သတင်းရရှိပါ တယ်။          တောင်ပြိုမှု၊ ကမ်းပါးရံအိကျမှုနဲ့ မြေတိုက်စားမှုများမဖြစ်ပွားမီမှာ မောင်ဂိတ်မြို့သို့ ရောက်ရှိထားပြီး ဖြစ်တဲ့ လောင်စာ ဆီတင်ယာဉ်၊Gas  အိုးတင်ယာဉ်နဲ့ အိန္ဒိယစားသောက်ကုန်ကော်ပိုရေးရှင်းပိုင်ဆန်တင်ယာဉ် အပါအဝင် ယာဉ် ၃ စီးက တော့ အင်ဖာသို့ ဆက်လက်ခရီးထွက်ခွာသွားနိုင်တယ်လို့ အင်တာနက်သတင်းမှာ ဖော်ပြထားပါတယ်။ှ                                                                                                        Source:  နကသ (တမူး)၊သန်းဝင်း