Main menu

Background

မြန်မာ့ဖရဲ တရုတ်တင်ပို့

Tue, 10/19/2010 - 04:43 -- Anonymous (not verified)

မြန်မာ့ဖရဲ တရုတ်တင်ပို့      မြန်မာဖရဲသီးတန်ချိန် ၉ဝ ကျော်ကို တရုတ်နယ်စပ်စခန်းတွေဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁ဝ ရက်အတွင်း ကျပ် ၉ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း၊စက်တင်ဘာ နောက်ဆုံးပတ်က ၈၂ တန်ကျော်သာ တင်ပို့နိုင်ခဲ့သဖြင့် ၈ တန်ကျော် ပိုမိုတင်ပို့လာ နိုင်ခဲ့ကြောင်း သိရပါတယ်။ ဖရဲသီးရာသီစတင်ချိန်ဖြစ်လို့ တရုတ်နယ်စပ်မှာ အဝယ်လိုက်နေတာကြောင့် တင်ပို့မှု ဆက်လက်အားကောင်းလာမှာပါ။     နယ်ဒေသအစုံတို့မှ တင်ပို့လျက်ရှိရာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ အများဆုံး တင်ပို့နိုင်ခဲ့တာဟာ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းကြောင့်ဖြစ်ပြီး ယင်းဒေသထွက် ဖရဲသီးများကဈေးရကြောင်း၊ ဖရဲသီး ၁ တန်ကိုမိမိဘက် ပေါက်ဈေး တစ်တန်ကို ၁ဝဝဝဝဝ ကျပ်၊ တစ်ဘက်နိုင်ငံဈေး ၁ဝ၁ဝ ယွမ်ရှိတယ်လို့ နယ်စပ်ကုန်သည်အသင်းများမှသတင်းရရှိပါတယ်။ မော်မော်အောင် (MIRT)