အရောင်းအဝယ်ပါးတဲ့ ရော်ဘာ ရော်ဘာဈေးနှုန်းဟာ တစ်ဘက်နိုင်ငံမှာ စက်တင်ဘာလကုန်ပိုင်းမှစပြီး ယနေ့အထိ ဈေးနှုန်းပြောင်းလဲမှု မရှိဘဲတည်ငြိမ်နေတာတွေ့ရှိရပါတယ်။ ဘဏ္ဍာနှစ်ဝက်ကာလအတွင်းမှာ သြဂုတ်လနှောင်းပိုင်းမှာ ရော်ဘာဈေး အမြင့်ဆုံး ရရှိခဲ့ပါတယ်။ စက်တင်ဘာလဆန်းကစပြီး မိမိဘက်ဈေးလျော့ကျခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေးကတော့ မြင့်တက်လျက်ရှိပါတယ်။တရုတ်နိုင်ငံဘက်မှာ စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့အတွက်ရော်ဘာဝယ်လိုအား ပိုမိုမြင့်တက်မဲ့အလားအလာရှိသော်လည်း ယခုအပတ်မှာ အရောင်းအဝယ်ပါးလျက် ရှိပါတယ်။ အောက်တိုဘာလ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာရော်ဘာ ၅၆၇ တန်ကျော်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၇ဝ၇ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက်၄၈၇ တန် ယခုအပတ်မှာ လျော့နည်းတင်ပို့ ခဲ့တယ်လို့သိရပါတယ်။ စခန်းများမှအဆင့်လိုက်ရော်ဘာတင်ပို့နိုင်မှုတွေကတော့မူဆယ်မှRSS (၃) ၂၉၃ တန်နီးပါး၊ RSS (၅) ၃၄ တန်၊MSR (၂ဝ) ၃၉ တန်ကျော်၊ MSR (၅ဝ)၆၉ တန်ကျော်၊ ဖြတ်စ ၅၁ တန်ကျော်၊ ချင်းရွှေဟော်နယ်စပ်စခန်းမှ RSS (၃) ၅၁ တန်နဲ့မြိတ်နယ်စပ်မှ MSR (၃ဝ) တန် ၃ဝ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၇ဝ၇ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းဒေသကြီး များမှ ထွက်ရှိတဲ့ ရော်ဘာများကို တစ်ဖက်နိုင်ငံသို့တင်ပို့နေခြင်းဖြစ်ပါတယ်။မိမိဘက်နှင့်တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများ ထူးထူးခြားခြားပြောင်းလဲမှုမရှိတာ တွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ယွမ်/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS (၃) ၂၉၆၈၄၇၄ ၂၉၆၈၄၇၄ - - ၃၂၃၆ ၃၂၃၇ ၁ ဝ.ဝ၃RSS (၅) ၂၈၄၇ဝ၁၄ ၂၈၄၇ဝ၁၄ - - ၃ဝ၅၈ ၃ဝ၅၈ -MIRT (DOBT)
Background