Main menu

Background

ရခိုင်ဒေသမှ ကကတစ်ငါးများသိသာစွာကုန်တက်ရှိ

Tue, 10/19/2010 - 05:27 -- Anonymous (not verified)

 ရခိုင်ဒေသမှ ကကတစ်ငါးများသိသာစွာကုန်တက်ရှိ        ရခိုင်ဒေသမှ ကကတစ်များ ဖမ်း ဆီးရရှိမှုများယခုနှစ်အတွင်း သိသာစွာ ကုန်တက်ရှိနေကြောင်း အဏ္ဏဝါဒေဝီ ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။        '' အရင်က ဧရာဝတီတိုင်းဒေသ ကြီးရဲ့ ရေပြင်တွေအတွင်းမှာ အများ အပြားဖမ်းယူရရှိခဲ့တဲ့ ကကတစ် ငါး တွေဟာ ၂ဝဝ၈ခုနှစ် မှာ ကျရောက်ခဲ့ တဲ့ နာဂစ်မုန်တိုင်းဖြစ်ပေါ်ကျရောက်ပြီး တဲ့ နောက်ပိုင်းမှာ ကကတစ်တွေက ဧရာဝတီတိုင်းဒေသကြီးရဲ့ ပင်လယ်ပြင် မှာ ပျောက်သွားသလိုရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကုန်တက်မရှိသလောက်ဘဲ လို့ ပြောလို့ရနိုင်ပါတယ်။ ၂ဝ၁ဝ ကျမှ ရခိုင်ဒေသ ပင်လယ်ပြင် တွေကနေ ပေါပေါများများ ပြန်ဖမ်းလို့ရတာတွေ့ရ ပါတယ်။ ကျွန်မအထင်တော့ မုန်တိုင်း ကြောင့် ဧရာဝတီ ဘက်က ပျောက်သွား ပြီး ရခိုင်ဘက်ရွေ့သွားတယ်လို့ ထင် ပါတယ်။ ရန်ကုန်အအေးခန်းတွေကို ဝင်သမျှ ကကတစ်ငါးဟာ ရခိုင်ဘက် က ဖမ်းလို့ရတဲ့ ကက တစ်တွေက ရာခိုင်နှုန်း အများဆုံးပါ''ဟု ယင်း ဘကုမ္ပဏီက ဒေါ်တိုးနန္ဒာတင်က ပြော ကြားသည်။        မြန်မာနိုင်ငံက ဖမ်းဆီးရမိသည့် ကကတစ်ငါးများကို မလေးရှားနိုင်ငံ သို့ အများဆုံးတင်ပို့နေရကြောင်း သိရ သည်။                                                                                                                                                     ခင်မျိုးသွယ်