Main menu

Background

မွေးမြူရေးငါးများ ယခင်ပေါက်ဈေးထက် လျှော့ချဝယ်ယူ

Tue, 10/19/2010 - 05:29 -- Anonymous (not verified)

 မွေးမြူရေးငါးများ ယခင်ပေါက်ဈေးထက် လျှော့ချဝယ်ယူ      ရခိုင်ဒေသမှ ကကတစ်ငါးများသိသာစွာကမြန်မာနိုင်ငံအတွင်း မွေးမြူ ထုတ်လုပ်လျက်ရှိသော ငါးများကို ယခင် ပေါက်ဈေးများ ထက် ၁ ပိသာ လျှင် ၂၅ဝ ကျပ်ခန့်လျှော့ချဝယ်ယူ လျက် ရှိနေကြောင်း ငါးမွေးမြူသူများ ထဲက သိရသည်။      '' Exporters တွေ ဘက်က ငွေ ဈေးတည်ရှိပေါ်မူတည်ပြီး 2F အရွယ် ၁ ပိသာကို ၂၃ဝဝ ကျပ်အထိ ပေးဝယ် ခဲ့တာတွေ့ရှိခဲ့ပါ တယ်။ နောက်ပိုင်းမှာ ငွေဈေးကကျ၊ Buyer  တွေဘက် က လည်း ဥပုသ်လလည်းဖြစ်ခဲ့ တာကြောင့် ငါးအရောင်းအဝယ်ဈေးတွေ လျော့ရင်း ၂၂ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်လာတယ်။ အခု ဥပုသ်လလည်း ကျော်ခဲ့ပါပြီ၊ လက်ရှိမှာ 2F အရွယ် ငါး ၁ ပိသာကို ၂ဝ၅ဝ ကျပ်    နဲ့ ဝယ်ယူမှုရှိတဲ့ အတွက် ငါး ၁ ပိသာကို ၂၅ဝ ကျပ် လောက် ကျသွားပါတယ်။ တစ်ဖက်က အစာဈေးက အမြင့်တွေနဲ့ ကျွေးခဲ့ရပြီး ငါးဈေးမှာ ကျတဲ့အတွက် တစ်နှစ်လုံး အနေနဲ့ ခြုံပြောရရင် ငါးမွေးသူတွေ အခက်အခဲတွေ့ရတဲ့ နှစ်တစ်နှစ်ပါ။ အခု လောလောဆယ် ငါးအရွယ်သေး တွေကို အအေးခန်း စက်ရုံအချို့နဲ့ ပြည်တွင်း ဈေးကွက်က ဝယ်ယူမှုရှိနေ တဲ့အတွက် ငါးအရွယ်ကြီး တွေက အရောင်းထိုင်း အဝယ်ဆိုင်းတော့ ဈေး လျော့ပေးပြီး ရောင်းရပါတယ်'' ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ပြော ကြားသည်။     ယခုအပတ်အတွင်း ငါးမြစ်ချင်း အရွယ်သေးများကို ငွေဇာပုလဲ၊ အဏ္ဏဝါ လွမ်းနဲ့သုံးပွင့်ဆိုင်ကုမ္ပဏီတို့ ဝယ်ယူ လျက် ရှိသည်ဟု ဆိုသည်။                                                                                                                                               ခင်မျိုးသွယ်