Main menu

Background

တနင်္သာရီတိုင်းဒေသကြီးအတွင်း ငါးမျိုးစိပ်သစ်များ တိုးခဲျ့မွေးမြူနိုင်

Tue, 10/19/2010 - 05:38 -- Anonymous (not verified)

တနင်္သာရီတိုင်းဒေသကြီးအတွင်း ငါးမျိုးစိပ်သစ်များ တိုးခဲျ့မွေးမြူနိုင်        တနင်္သာရီဒေသကြီးအတွင်း ငါးမျိုးစိပ်အသစ်များ တိုးခဲျ့မွေးမြူနိုင် ကြောင်း မြိတ်ကျွန်းစု ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသန ပြုလုပ်ချက် များမှ သိရသည်။       '' တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ မွေးမြူရေးလုပ်ကိုင်သူ အရေ အတွက်က ပင်လယ်ပြင်က ငါးဖမ်းဆီး ထုတ်လုပ်သူ အရေအတွက်နဲ့ နှိုင်း ယှဉ်ရင် ရာခိုင်နှုန်းအတော်နည်းနေပါသေးတယ်။ ကုန်းတွင်းပိုင်းက စီးဆင်း လာတဲ့ ထားဝယ်မြစ်၊ ပလောက်မြစ်၊ တနင်္သာရီမြစ်နဲ့ လေညှာမြစ်တို့ရဲ့ မြစ်ဝ ဒေသ များနဲ့ မြိတ်ကျွန်းတန်းတွေ အကြားမှာ ငါး-ပုစွန်တွေ နေထိုင် ကျက်စားစရာ ရေပြင်ကြီးလည်း ဖြစ်ထွန်းတည်ရှိနေပါတယ်။ အဲဒီဧရိယာမှာ ရေနေသတ္တဝါတွေ မွေးမြူခြင်း၊ ပင်လယ်ရေမှော် တို့လို ဈေးကွက်ဝင် ရေနေအပင်တွေ စိုက်ပျိုး လုပ်ကိုင်ဖို့ သင့်လျော်တဲ့ အနေအထားမှာ ရှိပါတယ်။ အထူးသဖြင့် ငါးမျိုးစိပ် အသစ်တွေဖြစ်တဲ့ ငါးပါးနီ၊ ပင်လယ်ငါးရံ့ (Cobai)၊ ပင်လယ်မျှော့၊ ဂုံး၊ ခရု ယောက်သွားနဲ့ စားကမာတို့ကို မွေးမြူ နိုင်ပါတယ် '' ဟု မြိတ်ကျွန်းစု ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဦးဟန်ထွန်းက ပြောကြားသည်။                                                                                                                               ခင်မျိုးသွယ်