Main menu

Background

အောင်ပန်းချင်းသစ်ဈေးကွက်ဝင်ပြီ

Tue, 10/19/2010 - 06:47 -- Anonymous (not verified)

အောင်ပန်းချင်းသစ်ဈေးကွက်ဝင်ပြီ    အောင်ပန်းဒေသတစ်ဝိုက် ရွာတွေကနေ ချင်းသစ်တွေ အတော် များများ က ဈေးကွက်ထဲကို ဝင်လာနေပါပြီ။အခါနားနီး နေပြီဖြစ်လို့ တောင်သူတွေက ဖော်ပြီးရောင်းနေကြပါတယ်။ ပြီးခဲ့တဲ့ အပတ်ကထက် အဝင်များလာသလို ပစ္စည်းအရည်အသွေး ကလည်း ကောင်းလာပါပြီ။ ချင်း (ဥမ) တွေကတော့ ကုန်သည် လက်ကျန် အနည်းငယ် လောက်သာကျန်ရှိပြီး တစ်ပိဿာကို ၈ဝဝ ကျပ်၊ ၉ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ချင်းသစ်တွေက အောင်ပန်းမြို့နယ် အနီးအနား ရွာ တွေကနေ အောင်ပန်း ဈေးကွက်ကို တစ်ရက် ပိဿာချိန် သုံးထောင် လောက် ဝင်တာ ကြောင့် ၅ ရက်တစ်ဈေးကို ပိဿာချိန် တစ်သောင်းခွဲ ခန့် ဝင်နေပါတယ်။ ဝင်သလောက်လည်းပြန်ပြီး အရောင်းသွက်တယ်လို့ သိရပါတယ်။           ချင်းသစ်တွေကိုတော့ လောလောဆယ်မှ ပြည်တွင်းသုံးအဖြစ် ဝယ်ယူ နေတာကြောင့် ချင်းတက်ဈေး ကလည်း ယခင်အပတ်ကထက် ဈေးအနည်းငယ် ထပ်တက်လာပါတယ်။ ချင်းသစ်ဈေးက ဒီတစ်ပတ်မှာ ၆၅ဝ ကျပ်၊ ၇ဝဝ ကျပ်ဈေး ရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၂၈ဝဝ ကျပ်၊ ၂၉ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ ချင်းခြောက်ဈေးက တစ်ပိဿာ ၃ဝဝဝ ကျပ်ဈေး ရှိတယ်လို့ သိရပါတယ်။                                                                                                                                     ဧဧခိုင်