စစ်တွေက ပုံမှန်နယ်စပ်ဖြတ်ကျော်နေတဲ့ နနွင်း စစ်တွေနယ်စပ်မှ ယခုအပတ်မှာလည်း နနွင်းတက် နှစ်တန် ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၂ဝဝ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နနွင်းတက်ဈေးမှာ စက်တင်ဘာလနောက်ဆုံးပတ်မှာ ၁၄၁၇၆ဝဝ ကျပ်ရှိခဲ့ရာမှ ယခုအခါ ၁၅၂၆၉၄ဝ ကျပ် သို့ မိမိဘက်ဈေးမြင့် တက်သလို တစ်ဖက်နိုင်ငံဈေးမှာလည်း ၁၃ဝ၅ဝဝ တာကာ (၁၇ဝဝ ဒေါ်လာ)သို့ မြင့်တက်လာလျက်ရှိပါတယ်။ လအလိုက်နယ်စပ်စခန်းများမှ နနွင်းတက်တင်ပို့နိုင်မှုတွေကတော့ ဧပြီလမှာ တန် ၂ဝဝ၊ မေလမှာ တန် ၄၆ဝ၊ ဇွန်လမှာ ၅၉ တန်၊ ဇူလိုင်နဲ့သြဂုတ်လ တွေမှာ ၁ဝ၅တန်နဲ့ စက်တင်ဘာလမှာ တန် ၆ဝ အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ တင်တင်ထွန်း( MIRT)
Background